Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​လ 2:20

Common Language Bible

ငါ​သည်​မြောက်​အ​ရပ်​မှ​လာ​သည့်​ကျိုင်း ကောင်​အုပ်​ကို ပယ်​ရှင်း​မည်။ ကျိုင်း​ကောင်​အ​ချို့​ကို​သဲ​ကန္တာ​ရ​ထဲ​သို့ နှင်​ထုတ်​မည်။ သူ​တို့​တပ်​ဦး​ပိုင်း​ကို​ပင်​လယ်​သေ​ထဲ​သို့ လည်း​ကောင်း၊ တပ်​နောက်​ပိုင်း​ကို​မြေ​ထဲ​ပင်​လယ် ထဲ​သို့​လည်း​ကောင်း​ကျ​စေ​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​ပုပ်​စပ်​နံ​စော် လျက် နေ​လိမ့်​မည်။ သင်​တို့​အား​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ အ​တွက် ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဇေ​လ​က``အ​ကျွန်ုပ်​သည်​မ​ရေ​ရာ​သူ တစ်​ဦး​ဖြစ်​ပါ​သည်။ အ​ဘယ်​သို့​လျှင်​ဤ မျှ​တန်​ခိုး​ကြီး​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ရှု​ရိ​ပြည်​ကို​စိုး​စံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း ငါ့​အား​ထာ​ဝရ​ဘု​ရား​ဖော်​ပြ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

ကိုယ်​တော်​သည်​အ​မှန်​ပင်​ငါ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့ ကြ ပါ​သည်​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-

အီ​ဂျစ်​ပြည်​သား​တို့​သည်​ဖား​သေ​ကောင်​များ ကို​စု​ပုံ​ထား​ကြ​ရာ​တစ်​ပြည်​လုံး​တွင်​နံ​စော် လျက်​ရှိ​လေ​၏။-

သူ​တို့​၏​အ​လောင်း​များ​သည်​မြှုပ်​နှံ​ခြင်း​ကို မ​ခံ​ရ​ဘဲ မြေ​ပေါ်​တွင်​လဲ​လျက်​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ တောင်​တို့​သည်​လည်း​သွေး​များ ဖြင့်​နီ​ရဲ​လျက်​နေ​လိမ့်​မည်။-

``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​ကား​ဒ​မာ​သက် ပြည်​နှင့်​ဟော​ရန်​ပြည်​စပ်​ကြား​မှ​ပင်​လယ် သေ​ကမ်း​ပေါ်​ရှိ​တာ​မာ​မြို့​အ​ထိ​ဖြစ်​၍ ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​ရှိ​သော ဣ​သ​ရေ​လ​ပြည်​နှင့်​အ​ရှေ့​ဘက်​တွင်​ရှိ သော​ဂိ​လဒ်​ပြည်​တို့​၏​နယ်​ခြား​အ​မှတ် အ​သား​ဖြစ်​၏။

``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စမ်း​ရေ​များ​စီး​ဆင်း​၍ လာ​လိမ့်​မည်။ ထို​ရေ​၏​တစ်​ဝက်​သည်​ပင်​လယ် သေ​ထဲ​သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ဝက်​သည် မြေ​ထဲ​ပင်​လယ်​ထဲ​သို့​လည်း​ကောင်း တစ်​နှစ် ပတ်​လုံး​ဆောင်း​ရော​နွေ​ပါ​စီး​ဆင်း​သွား​လိမ့် မည်။-

ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''

သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ