ယောလ 2:16Common Language Bibleလူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။ အခန်းကိုကြည့်ပါ။ |
မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-
သင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။
``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။
ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။