ယောလ 1:7Common Language Bibleသူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။ သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊ သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။ အခန်းကိုကြည့်ပါ။ |
ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။
သီးနှံကောင်းစွာထွက်သည့်လယ်ယာများနှင့် စပျစ်ဥယျာဉ်များသည်ပျက်စီးသွားပြီ ဖြစ်သဖြင့်လည်းကောင်း၊ ငါ့အမျိုးသား တို့၏မြေယာများကို ဆူးခြုံအမျိုးမျိုး ဖုံးလွှမ်းလျက်နေပြီဖြစ်သဖြင့်လည်းကောင်း၊ သင်တို့သည်ကြေကွဲဝမ်းနည်းလျက်မိမိတို့ ရင်ပတ်များကိုတီးခတ်ကြလော့။ ယခင် အခါကလူတို့ပျော်ရွှင်စွာနေထိုင်ခဲ့ကြ သည့်အိမ်များနှင့် စည်ကားသိုက်မြိုက်စွာရှိ နေခဲ့သည့်မြို့၏အတွက်ငိုကြွေးကြလော့။-
``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။