Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​လ 1:15

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။ ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည် ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ထို​သူ​သည်​မ​ကြာ​မ​မြင့်​မီ​ဆုံး​ပါး ပျက်​စီး ရ​တော့​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​သ​ဖြင့်​သူ့​အား ကြည့်​၍ ပြုံး​ရယ်​တော်​မူ​၏။

ထိတ်​လန့်​ဖွယ်​ကောင်း​သည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လိမ့်​မည်။ အ​ခြား​အ​ဘယ်​နေ့​ရက်​ကို​မျှ​ထို​နေ့​ရက်​နှင့် နှိုင်း​ယှဉ်​၍​မ​ရ။ ထို​နေ့​ရက်​သည်​ယာ​ကုပ်​အ​မျိုး​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​မည့်​နေ့​ရက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌ မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​မည့်​နေ့ သည် နီး​ကပ်​လာ​လေ​ပြီ။ မိုး​တိမ်​များ​ဖုံး​လွှမ်း​မည့်​နေ့၊လူ​မျိုး​တ​ကာ​တို့ ဒုက္ခ​ရောက်​မည့်​နေ့​နီး​ကပ်​လာ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တပ်​မ​တော်​ကို မိုး​ကြိုး​သံ​နှင့် တူ​သည့်​အ​သံ​ဖြင့်​အ​မိန့်​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နာ​ယူ​ကြ​သူ စစ်​သည်​တပ်​သား​များ​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့်​များ​၏။ တန်​ခိုး ကြီး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​ကာ​လ​သည် အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​ပါ​သ​နည်း။ ထို​နေ့​ရက်​ကာ​လ​ကို​အ​ဘယ်​သူ လွန်​မြောက်​နိုင်​ပါ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။

ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။

``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ တို့​အား၊ တ​ရား​စီ​ရင်​တော်​မူ​မည့်​နေ့​ရက်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။ အို ဧ​ဒုံ​ပြည်​သူ​တစ်​ပါး​တို့​အား သင်​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း၊ သူ​တစ်​ပါး​တို့​သည်​သင့်​အား​ပြု​ကျင့်​ကြ လိမ့်​မည်။ သူ​တို့​နှင့်​သင်​ဆက်​ဆံ​ခဲ့​သည့်​နည်း​အ​တိုင်း သူ​တို့​သည်​သင်​နှင့်​ဆက်​ဆံ​ကြ​လိမ့်​မည်။

``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။

ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ဘု​ရား​သ​ခင်​၏ စစ်​ကြော​စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​အ​ပြစ် မ​တင်​ကြ​နှင့်။ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင် သည်​ဤ​အ​ရပ်​သို့​ရောက်​ရှိ​ကာ​တံ​ခါး​ဝ​၌ ရပ်​လျက်​နေ​တော်​မူ​လေ​ပြီ။-

ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ