Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 9:17

Common Language Bible

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဣ​ရှ​ဗော​ရှက်​တွင်​လု​ယက်​တိုက်​ခိုက်​သည့်​အ​ဖွဲ့ များ​၏​ခေါင်း​ဆောင်​နှစ်​ယောက်​ရှိ​၏။ သူ​တို့​၏ နာ​မည်​မှာ​ဗာ​နာ​နှင့်​ရေ​ခပ်​ဖြစ်​၍​ဗေ​ရုတ်​မြို့ မှ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရိမ္မုန်​၏​သား​များ​ဖြစ် ကြ​၏။ (ဗေ​ရုတ်​မြို့​သည်​ဗင်္ယာ​မိန်​နယ်​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။-

အောက်​ဖော်​ပြ​ပါ​တို့​သည်​လည်း​ကာ​လက် ၏​သား​မြေး​များ​ဖြစ်​ပေ​သည်။ ဇ​နီး​ဖြစ်​သူ​ဧ​ဖ​ရတ်​နှင့်​ကာ​လက်​ရ​သော သား​ဦး​မှာ​ဟု​ရ​ဖြစ်​၏။ ဟု​ရ​၏​သား​ရှော ဗာ​လ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို တည်​ထောင်​လေ​သည်။-

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို​တည်​ထောင်​သူ ရှော​ဗာ​လ​သည်​ဟာ​ရော​အ​မျိုး​သား​များ​၏ ဘိုး​ဘေး​နှင့် မ​န​ဟေ​သိ​အ​မျိုး​သား​ထက် ဝက်​ခန့်​တို့​၏​ဘိုး​ဘေး​ဖြစ်​ပေ​သည်။-

သူ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​တွင်​နေ ထိုင်​ကြ​ကုန်​သော​ဣ​သ​ရိ၊ ဖု​ဟိ၊ ရှု​မ​သိ​နှင့် မိ​ရှ​ရိ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​လည်း ဖြစ်​၏။ (ဇာ​ရာ​သိ​နှင့်​ဧ​ရှ​တော​လိ​အ​မျိုး သား​တို့​ကား​ထို​သား​ချင်း​စု​များ​မှ​ဆင်း သက်​လာ​သူ​များ​တည်း။)

ထို​အ​ချိန်​ကာ​လ​၌​တော​ကန္တာ​ရ​တွင် မော​ရှေ​တည်​ဆောက်​ခဲ့​သော​ထာ​ဝ​ရ​ဘု​ရား ၏​တဲ​တော်​နှင့် ယဇ်​များ​ပူ​ဇော်​ရာ​ယဇ်​ပလ္လင် သည်​ဂိ​ဗောင်​မြို့​ကိုး​ကွယ်​ရာ​ဌာ​န​၌​တည် ရှိ​လျက်​နေ​သေး​၏။-

(ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-

ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​အ​လွန်​ကြောက် လန့်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဂိ​ဗောင် မြို့​သည်​မင်း​နေ​ပြည်​တော်​မြို့​များ​ကဲ့​သို့ ကြီး​ကျယ်​ခမ်း​နား​သော​မြို့​ဖြစ်​သော​ကြောင့် လည်း​ကောင်း၊ အာ​ဣ​မြို့​ထက်​ကြီး​၍​မြို့​သား တို့​သည်​တိုက်​ရည်​ခိုက်​ရည်​ကောင်း​သူ​များ ဖြစ်​သော​ကြောင့်​လည်း​ကောင်း​ဖြစ်​သ​တည်း။-

ထို့​အ​ပြင်​ကိ​ရ​ယတ်​ဗာ​လ​မြို့(သို့​မ​ဟုတ် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) နှင့်​ရဗ္ဗာ​မြို့​ဟူ​၍​မြို့ ကြီး​နှစ်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-

ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

ထို​နောက်​နယ်​နိ​မိတ်​သည်​ထို​တောင်​အ​နောက် ဘက်​မှ​ယု​ဒ​အ​နွယ်​ပိုင်​သော​ကိ​ရ​ယတ် ဗာ​လ​မြို့(သို့​မ​ဟုတ်​ကိ​ရ​ယ​ယာ​ရိမ်​မြို့) အ​ထိ​တောင်​ဘက်​သို့​ဆင်း​လာ​သည်။ ဤ သည်​ကား​အ​နောက်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-

တောင်​ဘက်​နယ်​နိ​မိတ်​သည်​ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စွန်​မှ​အ​စ​ပြု​၍ နေ​ဖ​တော စမ်း​ရေ​တွင်း​များ​သို့​ရောက်​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း ရေး​စာ​ချုပ်​ချုပ်​ဆို​ပြီး​နောက်​သုံး​ရက်​ကြာ သော​အ​ခါ​ထို​သူ​တို့​သည် မိ​မိ​တို့​အ​နီး အ​နား​တွင်​နေ​ထိုင်​သူ​များ​ဖြစ်​ကြောင်း ကြား​သိ​ရ​လေ​သည်။-

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး အ​ကဲ​တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​ခဲ့​ကြ​သ​ဖြင့် သူ​တို့​ကို​မ​သတ်​ဖြတ်​မ​သုတ်​သင်​နိုင်​ကြ ချေ။ ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ကြီး​အ​ကဲ​တို့​အား​အ​ပြစ်​တင် ကြ​၏။-

ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-

ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ တန်​ခိုး​တော်​အ​ကြောင်း​ကို ကြား​သိ​ရ​သ​ဖြင့် အ​လွန်​ဝေး​သော​ပြည်​မှ​လာ​ခဲ့​ကြ​ပါ​သည်။ အီ​ဂျစ်​ပြည်​တွင်​ပြု​တော်​မူ​ခဲ့​သ​မျှ​ကို လည်း​ကောင်း၊-

သူ​တို့​သည်​ယု​ဒ​ပြည်၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​၌ တပ်​စခန်း​ချ​ကြ​၏။ ထို​အ​ကြောင်း​ကြောင့်​ထို အ​ရပ်​သည်​ဒန်​တပ်​စ​ခန်း​ဟူ​၍​ယ​နေ့​တိုင် အောင်​အ​မည်​တွင်​သ​တည်း။-

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။

သို့​ဖြစ်​၍​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ​၍​သေတ္တာ​တော်​ကို​တောင်​ကုန်း​ပေါ်​တွင်​တည် ရှိ​သော အ​ဗိ​န​ဒပ်​၏​အိမ်​သို့​ပင့်​ဆောင်​သွား ကြ​၏။ သူ​တို့​သည်​သေတ္တာ​တော်​ကို​စောင့်​ထိန်း ရန်​အ​တွက် အ​ဗိ​န​ဒပ်​၏​သား​ဧ​လာ​ဇာ​ကို ရွေး​ချယ်​ဆက်​ကပ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ