Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 9:11

Common Language Bible

သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​ခေါင်း​ဆောင်​များ နှင့်​အ​မျိုး​သား​အ​ပေါင်း​တို့​က​ခ​ရီး​အ​တွက် ရိက္ခာ​ယူ​ဆောင်​လျက် ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန် အ​ကျွန်ုပ်​တို့​အား​စေ​လွှတ်​ကြ​ပါ​သည်။ ကိုယ် တော်​ထံ​၌​အ​ညံ့​ခံ​၍​ငြိမ်း​ချမ်း​ရေး​တောင်း ဆို​ရန်​အ​ကျွန်ုပ်​တို့​အား​မှာ​ကြား​လိုက်​ပါ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။-

သို့​ဖြစ်​၍​နန်း​တော်​အုပ်၊ မြို့ဝန်၊ မြို့​မိ​မြို့​ဖ များ​နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း သူ​များ​က​ယေ​ဟု​ထံ​သို့``အ​ကျွန်ုပ်​တို့​သည် အ​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​သ​ဖြင့် အ​ရှင့် အ​မိန့်​တော်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သူ​ကို မျှ​မင်း​မြှောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင် သင့်​တော်​သ​လို​စီ​မံ​တော်​မူ​ပါ'' ဟု​ပြန် စာ​ရေး​၍​ပို့​ကြ​၏။

မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။

ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​သင်​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ ရိက္ခာ၊ ကြေး​ငွေ​တို့​ကို​မ​ယူ​ရ​ကြ။ လူ​တစ်​ကိုယ်​လျှင်​အင်္ကျီ​အ​ပို​တစ်​ထည်​ပင် မ​ပါ​ရ။-

စ​ခန်း​တစ်​ခု​လုံး​ရှိ​လူ​တို့​ထံ​သို့​သွား​စေ​ပြီး လျှင်``သုံး​ရက်​အ​တွင်း​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို​သိမ်း​ယူ​ရန် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ရ မည်​ဖြစ်​၍​လို​အပ်​သော​ရိက္ခာ​ကို​စု​ဆောင်း ထား​ကြ​လော့'' ဟူ​၍​ကြေ​ညာ​စေ​၏။

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​မင်း​နှစ်​ပါး​ဖြစ်​သည့် ဟေ​ရှ​ဘုန်​ဘု​ရင် ရှိ​ဟုန်​နှင့်​အာ​ရှ​တ​ရုတ်​မြို့​၌​နန်း​စိုက်​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​အား မည်​ကဲ့​သို့​နှိမ် နင်း​ခဲ့​ကြောင်း​ကို​လည်း​ကောင်း​အ​ကျွန်ုပ်​တို့ ကြား​ရ​ပါ​သည်။-

အ​ကျွန်ုပ်​တို့​၏​နေ​အိမ်​မှ​ကိုယ်​တော်​ထံ​သို့ ခ​ရီး​စ​ထွက်​ချိန်​တွင်​ရိက္ခာ​များ​မှာ​ပူ​နွေး လတ်​ဆတ်​လျက်​ရှိ​ခဲ့​ပါ​သည်။ ယ​ခု​ထို​ရိက္ခာ များ​ကို​ကြည့်​ပါ။ ခြောက်​သွေ့​၍​မှို​တက်​လျက် ရှိ​ပါ​သည်။-

သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစေ ကို​ခံ​ပါ​မည်'' ဟု​ယော​ရှု​အား​ပြန်​ပြော​ကြ​၏။ ယော​ရှု​က``သင်​တို့​သည်​မည်​သူ​များ​ဖြစ်​ကြ သ​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​မေး​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ