ယောရှု 8:33Common Language Bibleခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။- အခန်းကိုကြည့်ပါ။ |
ထိုအချိန်အခါသည်စပါးရိတ်သိမ်းချိန် ဖြစ်သည်။ မြစ်ရေလျှံချိန်လည်းဖြစ်သည်။ လူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးရန်စခန်း မှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ် များသည်သူတို့ရှေ့ကပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များ သည်မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက်၊-