Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 8:20

Common Language Bible

အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​လှမ်း​ကြည့်​လိုက်​ရာ မီး​ဖို​ကြီး​တစ်​ခု​မှ​မီး​ခိုး​တက်​သ​ကဲ့​သို့ မြေ​ပြင်​မှ​အ​ခိုး​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။-

ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။

ရန်​သူ​တို့​၏​ရဲ​ရင့်​သည့်​စစ်​သည်​များ​သည် မိ​မိ​တို့​၌​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို ဆုံး​ရှုံး​ရ​ကြ​လျက်​ယ​ခု​အ​ခါ သေ​ဆုံး​ကြ​လေ​ကုန်​ပြီ။ သူ​တို့​၏​စွမ်း​အား​နှင့်​ကျွမ်း​ကျင်​မှု​တို့​သည် အ​ချည်း​နှီး​သာ​ဖြစ်​ခဲ့​သည်။

ယင်း​သည်​နေ့​ရော​ညဥ့်​ပါ​မီး​လောင်​လျက်​မီး ခိုး​များ​ထာ​ဝ​စဉ်​တက်​၍​နေ​လိမ့်​မည်။ ထို ပြည်​သည်​လူ​မျိုး​စဉ်​ဆက်​အ​ဟော​သိ​ကံ ဖြစ်​၍​နေ​လိမ့်​မည်။ ထို​ပြည်​ကို​နောင်​အ​ဘယ် အ​ခါ​၌​မျှ​ဖြတ်​သန်း​သွား​လာ​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-

ယော​ရှု​သည်​လှံ​ကို​ကိုင်​၍​မြို့​ဘက်​သို့​ချိန်​ရွယ် လိုက်​ရာ​စစ်​သူ​ရဲ​တို့​သည် ပုန်း​အောင်း​ရာ​မှ အ​လျင်​အ​မြန်​ထွက်​လာ​၍ မြို့​တွင်း​သို့​ပြေး ဝင်​ကြ​ပြီး​လျှင်​မြို့​ကို​သိမ်း​၍​ချက်​ချင်း မီး​ရှို့​ဖျက်​ဆီး​ကြ​၏။-

ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-

သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

တစ်​ဖန်​ထို​သူ​တို့​၏``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ကြ​လော့'' ထို​မြို့​မှ​မီး​ခိုး​တို့​သည် ထာ​ဝ​စဉ်​လွင့်​တက်​လျက်​ရှိ​၏'' ဟု​ကြွေး​ကြော် ကြ​ပြန်​၏။-

ဣ​သ​ရေ​လ​တပ်​မ​ကြီး​သည်​တပ်​ပုန်း​နှင့် အ​ချက် ပြ​အ​မှတ်​အ​သား​တစ်​ခု​ကို​စီ​စဉ်​ထား​ခဲ့​ကြ ၏။ မြို့​ထဲ​မှ​မီး​ခိုး​လုံး​ကြီး​များ​တက်​လာ​သည် ကို​မြင်​သော​အ​ခါ၊-

ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ