Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 8:15

Common Language Bible

ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​စစ်​ရှုံး ဟန်​ဆောင်​လျက် မြို့​ပြင်​ကွင်း​ထဲ​သို့​ထွက်​ပြေး လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

တော​ကန္တာ​ရ​ဒေ​သ​တွင်​ဗေ​သ​ရာ​ဗ​မြို့၊ မိဒ္ဒိန်​မြို့၊ သေ​ကာ​က​မြို့၊-

ယော​သပ်​အ​ဆက်​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး သော​နယ်​မြေ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည် ယေ​ရိ​ခေါ​မြို့​အ​နီး​ယေ​ရိ​ခေါ​စမ်း​ရေ​တွင်း၊ အ​ရှေ့​ယော်​ဒန်​မြစ်​မှ​အ​စ​ပြု​၍​တော​ကန္တာရ ကို​ဖြတ်​လျက်​တောင်​ကုန်း​ဒေ​သ​ရှိ​ဗေ​သ​လ မြို့​သို့​ရောက်​၏။-

သူ​တို့​၏​နယ်​မြေ​မြောက်​ဘက်​နယ်​နိ​မိတ်​သည် ယော်​ဒန်​မြစ်​တွင်​အ​စ​ပြု​၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​ရှိ​တောင်​စောင်း​သို့​တက်​ပြီး​လျှင် အ​နောက်​သို့​ဗေ​သ​ဝင်​တော​ကန္တာ​ရ​တိုင် အောင်​တောင်​ကုန်း​ဒေ​သ​ကို​ဖြတ်​သန်း သွား​လေ​သည်။-

အာ​ဣ​မင်း​သည်​ယော​ရှု​၏​စစ်​သူရဲ​များ​တပ်​ချ လျက်​ရှိ​သည်​ကို​မြင်​လျှင် မိ​မိ​၏​စစ်​သူရဲ​အ​ပေါင်း တို့​ကို​အ​လျင်​အ​မြန်​စု​ရုံး​၍ ဣ​သ​ရေ​လ​တပ် ကို​တိုက်​ခိုက်​ရန်​ယော်​ဒန်​မြစ်​ချိုင့်​ဝှမ်း​ဘက် ယ​ခင် တိုက်​ခိုက်​ခဲ့​သော​အ​ရပ်​သို့​ချီ​တက်​လေ​သည်။ သို့​ရာ​တွင်​သူ​သည်​မြို့​၏​အ​နောက်​ဘက်​၌ ဣ​သ​ရေ​လ​တပ်​ပုန်း​များ​ချ​ထား​ကြောင်း ကို​မ​ရိပ်​မိ​ချေ။-

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​အ​ရေး ရှုံး​နိမ့်​ကြ​သည်​ကို​သိ​မြင်​လာ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင်​မ​တပ်​ကြီး သည် ဂိ​ဗာ​မြို့​ပတ်​လည်​တွင်​ချ​ထား​သည့်​တပ်​ပုန်း ကို​အား​ကိုး​ကာ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​၏ ရှေ့​မှ​ဆုတ်​ခွာ​သွား​ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ဆုတ်​ခွာ​၍ တော​ကန္တာ​ရ​ထဲ​သို့​ထွက်​ပြေး​ကြ​၏။ သို့​ရာ​တွင် မလွတ်​မ​မြောက်​နိုင်​ကြ။ ဣ​သ​ရေ​လ​ပင်​မ​တပ် ကြီး​နှင့်​မြို့​ထဲ​မှ​ထွက်​လာ​သော​တပ်​ပုန်း​တို့ ၏​စပ်​ကြား​တွင် ပိတ်​၍​မိ​နေ​ကြ​သ​ဖြင့်​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​တော့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ