သူသည်စစ်သူရဲငါးထောင်ခန့်ကိုမြို့အနောက် ဘက် အာဣမြို့နှင့်ဗေသလမြို့အကြားတွင် ပုန်းအောင်းနေစေ၏။-
ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။-
ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
သူနှင့်အတူလိုက်ပါလာသောစစ်သူရဲတို့ သည် မြို့တံခါးမဘက်သို့ချီတက်၍မြောက် ဘက်တွင်စခန်းချကြသည်။ သူတို့၏စခန်း နှင့်မြို့အကြားတွင်ချိုင့်ဝှမ်းရှိ၏။-
တပ်မကိုမြို့၏အနောက်ဘက်တွင်လည်းကောင်း တပ်စွဲစေ၏။ ထိုည၌ယောရှုသည်ချိုင့်ဝှမ်း ထဲသို့ဆင်းသွားလေ၏။-
ဧဖရိမ်အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင် တို့သည်ဗေသလမြို့ကိုတိုက်ခိုက်ရန်သွား ရောက်ကြ၏။ ထိုစဉ်အခါကထိုမြို့သည် လုဇမြို့ဟုအမည်တွင်လေသည်။ ထာဝရ ဘုရားသည်သူတို့အားကူညီမစတော် မူ၏။ မြို့တွင်းသို့သူတို့စေလွှတ်လိုက်သော သူလျှိုတို့သည်၊-
ထိုနောက်သူသည်မိမိစစ်သူရဲများနှင့် အတူ အာမလက်မြို့သို့ချီတက်၍ခြောက် သွေ့နေသောမြစ်ဝှမ်းတွင်တပ်စခန်းချ လျက်နေ၏။-