ယောရှု 7:9Common Language Bibleခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။ အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
ထိုအခါ``သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအဘယ်မှာရှိသနည်း'' ဟူ၍ပြောင် လှောင်ကာမေးမြန်းကြသောငါတို့၏ရန်သူ များသည် ဤအမှုကိုမြင်၍အရှက်ကွဲ ကြလိမ့်မည်။ သူတို့သည်အရေးရှုံးနိမ့် သဖြင့်လမ်းပေါ်မှရွှံ့သဖွယ်နင်းချေ ခြင်းခံရကြသည်ကိုငါတို့မြင်ရလိမ့် မည်။