ယောရှု 7:6Common Language Bibleယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုလနှစ်ဆယ့်လေးရက်နေ့၌ဣသရေလ အမျိုးသားတို့သည် မိမိတို့အပြစ်များ အတွက်ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် အစာရှောင်ရန်စုရုံးကြ၏။ ထိုသူတို့သည် လူမျိုးခြားများနှင့်ကွာပြီးဖြစ်သည်။ သူ တို့သည်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခ ဏာဖြင့် လျှော်တေကိုဝတ်၍ဦးခေါင်းကိုမြေ မှုန့်ဖြင့်ဖြူးကြ၏။ ထိုနောက်သူတို့သည်မိမိ တို့အပြစ်များနှင့်ဘိုးဘေးတို့၏အပြစ်များ ကိုဖော်ပြဝန်ခံကြလေသည်။-
ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။