Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 7:24

Common Language Bible

ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​အာ​ခန်​နှင့်​တ​ကွ​ငွေ၊ ဝတ်​ရုံ​နှင့်​ရွှေ ချောင်း​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​များ၊ သိုး၊ နွား၊ မြည်း၊ တဲ​နှင့်​သူ​ပိုင်​ပစ္စည်း​ရှိ​သ​မျှ တို့​ကို​လည်း​ကောင်း​ဒုက္ခ​ချိုင့်​ဝှမ်း​သို့​ခေါ် ဆောင်​သွား​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။

သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။

စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။

သူ​တို့​သည်​ငါ့​ကို​ရှိ​ခိုး​ဝတ်​ပြု​ကာ​မိ​မိ​တို့ ၏​သိုး​နှင့်​ကျွဲ​နွား​များ​ကို​အ​နောက်​ဘက်​ရှိ ရှာ​ရုန်​လွင်​ပြင်​တွင်​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​အာ​ခေါ်​ချိုင့်​စား​ကျက်​များ​တွင်​လည်း ကောင်း နား​နေ​စ​ရာ​အ​ဖြစ်​ကျောင်း​ကြ လိမ့်​မည်။

သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-

ဒုက္ခ​ဟု​ခေါ်​သော​ချိုင့်​ဝှမ်း​မှ​ဒေဗိရ​မြို့​သို့​တက် သွား​၏။ ထို​နောက်​ချိုင့်​ဝှမ်း​တောင်​ဘက်​တွင်​ရှိ သော​အ​ဒုမ္မိမ်​တောင်​ကြား​နှင့်​မျက်​နှာ​ချင်း​ဆိုင် ဂိ​လ​ဂါ​လ​မြို့​ရှိ​ရာ​မြောက်​ဘက်​သို့​ကွေ့ သွား​၏။ ထို​နောက်​အင်​ရှေ​မက်​စမ်း​ရေ​တွင်း မှ​အင်္ရော​ဂေလ​မြို့​သို့​ရောက်​ပြီး​လျှင်၊-

ဇေ​ရ​၏​သား​အာ​ခန်​သည်​ဖျက်​ဆီး​ပစ်​ရ မည့်​ပစ္စည်း​များ​နှင့်​စပ်​ဆိုင်​သော​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​အ​ပြစ်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော။ အာ​ခန်​၏​အ​ပြစ်​ကြောင့်​သူ​တစ်​ဦး​တည်း သာ​အ​သက်​သေ​ဆုံး​ခဲ့​ရ​သည်​မ​ဟုတ်'' ဟု ဆို​ကြ​၏။

သို့​ရာ​တွင်​သင်​တို့​သည်​ဖျက်​ဆီး​ပစ်​ရ​မည့် အ​ရာ​များ​မှ​မည်​သည့်​ပစ္စည်း​မျှ​မ​ယူ​ရ။ အ​ကယ်​၍​ယူ​မိ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​စ​ခန်း​တွင်​ဘေး​ဒုက္ခ​ဆိုက်​ရောက် လိမ့်​မည်။-

သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။

ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဖျက်​ဆီး​ရ မည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ယူ​ရ​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​တား​မြစ်​ချက်​ကို အာ​ခန်​ဆို​သူ​သည်​မ​နာ​ခံ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ပြင်း​စွာ​သော​အ​မျက်​တော်​ထွက်​တော် မူ​၏။ (အာ​ခန်​သည်​ယု​ဒ​အ​နွယ်​ဝင်​ဇေ​ရ မိ​သား​စု​ထဲ​မှ​ဇာ​ဗ​ဒိ​၏​မြေး၊ ကာ​မိ​၏ သား​ဖြစ်​သည်။)

သူ​တို့​သည်​ထို​ပစ္စည်း​များ​ကို​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ယူ​ဆောင် ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ချ​ထား ကြ​သည်။-

သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ