Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 7:13

Common Language Bible

ထ​လော့၊ လူ​တို့​ကို​သန့်စင်​ခြင်း​ဝတ်​ပြု​စေ ပြီး​လျှင် နက်​ဖြန်​နေ့​၌​ငါ​၏​ရှေ့​တော်​သို့ ဝင်​ရန်​အ​သင့်​ရှိ​ကြ​စေ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့။ `ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ ဖျက်​ဆီး​ပစ်​ရ​မည်​ဟု​ငါ​ပ​ညတ်​ထား သော​ပစ္စည်း​အ​ချို့​သင်​တို့​တွင်​ရှိ​၏။ ထို​ပစ္စည်း များ​ကို​သင်​တို့​မ​ဖျက်​ဆီး​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ခံ မ​ရပ်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-

ယ​ခု​အ​ခါ​၌​လည်း​ယေရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့​အား​ကျွန်​ခံ စေ​ရန် သင်​တို့​အ​ကြံ​ရှိ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လည်း​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သူ​များ​ဖြစ် သည်​ကို​မ​သိ​ကြ​ပါ​သ​လော။-

အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ​ထဲ​က သစ်​တုံး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင့် ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို ကောင်း​စွာ​မြင်​၍​ထုတ်​ယူ​နိုင်​လိမ့်​မည်။

``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-

ထို​နောက်​ယော​ရှု​က​လူ​တို့​အား``နက်​ဖြန် နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ မည်​ဖြစ်​၍ သင်​တို့​ကိုယ်​ကို​သန့်​စင်​စေ​ကြ လော့'' ဟု​ညွှန်​ကြား​လေ​၏။-

သို့​ရာ​တွင်​သင်​တို့​သည်​ဖျက်​ဆီး​ပစ်​ရ​မည့် အ​ရာ​များ​မှ​မည်​သည့်​ပစ္စည်း​မျှ​မ​ယူ​ရ။ အ​ကယ်​၍​ယူ​မိ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​စ​ခန်း​တွင်​ဘေး​ဒုက္ခ​ဆိုက်​ရောက် လိမ့်​မည်။-

ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ