Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 6:19

Common Language Bible

ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​ထား​သော ဝတ္ထု​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ကား ထာ​ဝ​ရ​ဘု​ရား အ​တွက်​သီး​သန့်​သတ်​မှတ်​ထား​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​သွင်း​ထား​ရ မည်'' ဟု​မိန့်​ဆို​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။

ရှော​လ​မုန်​ပြု​လုပ်​ခဲ့​သည့်​ရွှေ​ဒိုင်း​လွှား​များ အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း​တော်​မှ​ဘဏ္ဍာ တော်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​သွား​လေ သည်။-

ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။

ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။

အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-

သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။-

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။

မင်း​ကြီး​သည်​မိ​မိ​ကြံ​စည်​ထား​တော်​မူ သည့်​အ​တိုင်း ဗိ​မာန်​တော်​တံ​တိုင်း​များ​နှင့် တံ​တိုင်း​ပတ်​လည်​ရှိ​အ​ခန်း​များ၊ ဗိ​မာန် တော်​ပစ္စည်း​တန်​ဆာ​များ​သို​မှီး​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည့် လှူ​ဖွယ်​ပစ္စည်း​သို​လှောင်​ခန်း​တို့​၏​ပုံ​စံ များ​ကို​လည်း​ပေး​အပ်​တော်​မူ​၏။-

သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သ​မျှ​သော​တန်​ဆာ​တို့​ကို မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ၊ တန် ဆာ​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​တွင်​ထား​ရှိ တော်​မူ​၏။-

ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။-

ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။-

ထို့​ကြောင့်​ဧ​ဗ​ဒ​မေလက်​သည်​လူ​တို့​ခေါ်​ကာ ထို​နန်း​တော်​ပစ္စည်း​သို​လှောင်​ခန်း​သို့​ဝင်​ပြီး လျှင် ဟောင်း​နွမ်း​သော​အ​ဝတ်​စုတ်​များ​ကို​ယူ ပြီး​လျှင် ရေ​တွင်း​ထဲ​၌​ရှိ​သော​ငါ့​ထံ​သို့ ကြိုး​များ​နှင့်​အ​တူ​ချ​၍​ပေး​လေ​သည်။-

စ​တုတ္ထ​နှစ်​တွင်​သီး​သော​အ​သီး​ရှိ​သ​မျှ​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ကျေး​ဇူး​တင်​သည့် အ​နေ​ဖြင့်​ဆက်​ကပ်​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​သိမ်း​ယူ​ရ​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း၊ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​တို့​ကို၊-

ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​ယူ​ဆောင်​ခဲ့​ကြ​လေ​သည်။

ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​သည်​ထို​ငွေ​ကို​ကောက်​ယူ ၍ ``ဤ​ငွေ​ကား​သွေး​ဖိုး​ငွေ​ဖြစ်​၏။ သို့​ဖြစ်​၍​ဤ​ငွေ ကို​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​မ​သွင်း​အပ်'' ဟု​ဆို​ကြ​၏။-

သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ရှေ့ တွင်​ထိုင်​လျက် ထို​သေတ္တာ​ထဲ​သို့ လူ​တို့​ငွေ​များ ထည့်​ဝင်​လှူ​ဒါန်း​ကြ​သည်​ကို​ကြည့်​ရှု​တော်​မူ​၏။ များ​စွာ​သော​သူ​ဌေး​သူ​ကြွယ်​တို့​သည်​ငွေ အ​မြောက်​အ​မြား​ထည့်​ဝင်​လှူ​ဒါန်း​ကြ​၏။-

ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ