ယောရှု 4:10Common Language Bibleယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။ လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။- အခန်းကိုကြည့်ပါ။ |
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
ထိုနောက်သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ ယေရိခေါမြို့သို့ရောက်ရှိကြသည်။ ယေရိခေါ မြို့သား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုး သား၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ ဟိဝိအမျိုးသားနှင့်ယေ ဗုသိအမျိုးသားတို့သည်သင်တို့ကိုတိုက်ခိုက် ကြသည်။ သို့ရာတွင်ငါသည်သင်တို့အားသူ တို့အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်စေ သည်။-