ထိုနောက်ငါသည်မောရှေနှင့်အာရုန်တို့ကို စေလွှတ်၍ အီဂျစ်ပြည်တွင်ဘေးဆိုးများ ဆိုက်ရောက်စေပြီးနောက်သင်တို့ကိုထုတ် ဆောင်ခဲ့၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။-
ထိုနေ့၌ပင်ထာဝရဘုရားသည် ဣသ ရေလအမျိုးသားအပေါင်းတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။
ငါ၏လူမျိုးတော်ကိုအီဂျစ်ပြည်မှထုတ် ဆောင်ရန် သင့်အားဖာရောဘုရင်ထံသို့ငါ စေလွှတ်မည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည် မှထွက်ခွင့်ပေးရန် အီဂျစ်ဘုရင်အားတောင်း ဆိုသူတို့သည်ကားအာရုန်နှင့်မောရှေတို့ ပင်ဖြစ်သတည်း။
ငါသည်သင်တို့၏ဘိုးဘေးများကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအခါ အီဂျစ်အမျိုး သားတို့သည်သူတို့နောက်သို့ရထားတပ်၊ မြင်း တပ်များနှင့်လိုက်၍တိုက်ခိုက်ကြသည်။ သူတို့ သည်ပင်လယ်နီသို့ရောက်ရှိလာသောအခါ၊-