ယောရှု 24:31Common Language Bibleယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကိုသင်တို့ကိုယ်တိုင်ထိတွေ့ သိမြင်ခဲ့ရသဖြင့် ကိုယ်တော်၏အကြောင်း ကိုသိရပြီဖြစ်ကြောင်းယနေ့သိမှတ်ကြ လော့။ သင်တို့သာလျှင်ထိုသို့တွေ့ကြုံခံစား ခဲ့ရကြသည်။ သင်တို့၏သားသမီးများ မူကား ထိုအတွေ့အကြုံကိုမခံစားခဲ့ရ ကြ။ ထာဝရဘုရား၏ကြီးမြတ်တော်မူ ခြင်းဘုန်းတန်ခိုးတော်နှင့်၊-
ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။-