Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 24:17

Common Language Bible

အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​မ​စွန့်​ဘဲ​ဆက်​လက်​ကိုး​ကွယ်​လျက် ရှိ​ကြ​သည်။ အာ​ရုန်​မှ​ဆင်း​သက်​လာ​သော​ယဇ်​ပု ရော​ဟိတ်​များ​သည်​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ ကို​ထမ်း​ဆောင်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​များ​က​ကူ​ညီ​လျက်​ရှိ​ကြ​၏။-

နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-

ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။-

``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။

မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို ဆင့်​ခေါ်​၍``ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့်​သူ ၏​အ​ရာ​ရှိ​များ​အ​ပါ​အ​ဝင် တစ်​တိုင်း​ပြည် လုံး​ကို​မည်​ကဲ့​သို့​ဒဏ်​ခတ်​ခဲ့​တော်​မူ​ကြောင်း သင်​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။

သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​သော​ကြောက်​မက်​ဖွယ် ကပ်​ကြီး​များ၊ အံ့​သြ​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ များ၊ သင်​တို့​အား​လွတ်​မြောက်​စေ​ခဲ့​သော သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​မ​ဟာ​တန် ခိုး​တော်​နှင့်​လက်​ရုံး​တော်​တို့​ကို​သ​တိ​ရ​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​ခဲ့​သည့်​နည်း​တူ ယ​ခု​သင်​တို့​ကြောက်​ရွံ့​သော​လူ​မျိုး​အ​ပေါင်း တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ မည်။-

ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ချိန်​၌​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့် ၍​အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​မည် မ​ဟုတ်​ပါ။-

အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ