Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 22:9

Common Language Bible

ထို့​ကြောင့်​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​တွင်​ရှိ​သော​ကျန်​အ​ခြား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ထွက်​ခွာ​၍ မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သည့်​အ​မိန့်​အ​ရ သူ​တို့​သိမ်း​ပိုက် ပြီး​သော​ဂိ​လဒ်​ပြည်​သို့​ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-

ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။

ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏။ ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​မ​ကိုဋ်​ဖြစ်​၍ ယု​ဒ​ပြည်​ကား​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။

ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-

ထို​အ​ခါ​မော​ရှေ​က``သင်​တို့​က​တိ​တည် မည်​ဆို​လျှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စစ်​ချီ​တိုက်​ရန်​အ​သင့်​ပြင်​လော့။-

တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။-

အ​ကျွန်ုပ်​တို့​၏​ဇ​နီး​နှင့်​သား​သ​မီး​များ၊ သိုး၊ ဆိတ်၊ နွား​များ​သည်​ဤ​အ​ရပ်​ရှိ​ဂိ​လဒ် မြို့​များ​တွင်​နေ​ရစ်​ကြ​ပါ​မည်။-

``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-

``တစ်​ချိန်​တည်း​မှာ​ပင် ငါ​သည်​သူ​တို့​အား`ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​ရှိ​သော​ဤ​ပြည် ကို သင်​တို့​အား​သိမ်း​ယူ​စေ​တော်​မူ​ပြီ။ ယ​ခု သင်​တို့​၏​စစ်​သူ​ရဲ​တို့​ကို​လက်​နက်​စွဲ​ကိုင် စေ​လော့။ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​နယ်​မြေ​ရ​ရှိ​ရေး​အ​တွက် စစ်​ကူ တိုက်​ခိုက်​ရန်​သူ​တို့​အ​လျင်​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​စေ​လော့။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည့်​နည်း​တူ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား ယော်​ဒန်​မြစ် အ​နောက်​ဘက်​နယ်​မြေ​ကို​သိမ်း​ပိုက်​၍ အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည်​တိုင်​အောင် သင် တို့​သည်​သူ​တို့​ကို​ကူ​ညီ​ရ​မည်။ သို့​ဆောင်​ရွက် ပြီး​မှ​သင်​တို့​အ​ပေါင်း​သည် ငါ​ခွဲ​ဝေ​ပေး သော​ပြည်​သို့​ပြန်​လာ​ရ​ကြ​မည်' ဟု​ညွှန် ကြား​ခဲ့​သည်။

ထို​နောက်​မော​ရှေ​သည်​မော​ဘ​လွင်​ပြင်​မှ ယေ​ရိ ခေါ​မြို့​အ​ရှေ့​ဘက်​ရှိ​နေ​ဗော​ခေါ်​ပိ​သ​ဂါ​တောင် ထိပ်​ပေါ်​သို့​တက်​လေ​၏။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မြောက်​ဘက်​ရှိ​ဒန်​မြို့​အ​ထိ​ကျယ် ပြန့်​သော​ဂိလဒ်​ပြည်​နယ်၊-

ဂိ​လဒ်​နယ်၊ ဂေ​ရှု​ရိ​နယ်၊ မာ​ခါ​နယ်၊ ဟေ​ရ​မုန် တောင်​တစ်​ခု​လုံး​နှင့်​သာ​လ​က​ပြည်​အ​ထိ ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​တို့ သည်​လည်း​ကောင်း၊-

သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-

ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။

ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​နောက်​ဘက် ဂဲ​လိ​လော့​အ​ရပ်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မြစ်​အ​နီး​တွင်​ကြီး​ကျယ်​ခမ်း​နား​သော​ယဇ် ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-

မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-

ဂိ​လဒ်​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​နေ​ရစ်​ကြ​၏။ ဒန်​အ​နွယ်​ဝင်​တို့​သည်​လည်း​သင်္ဘော​များ အ​နီး​တွင်​နေ​ရစ်​ကြ​၏။ အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​ပင်​လယ်​ကမ်း​ခြေ အ​နီး​တွင်​နေ​ရစ်​ကြ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ