Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 22:33

Common Language Bible

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျေ​နပ်​ဝမ်း​မြောက်​လျက် ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​၏။ သူ​တို့​သည်​ရု​ဗင် အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​စစ်​ချီ​တိုက်​ခိုက်​ဖျက်​ဆီး​ရန်​မ​ကြံ​စည် ကြ​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။

ဘု​ရား​သ​ခင်​သည်​ထို​ညဥ့်​၌​ပင်​လျှင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင် ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို ဒံ​ယေ​လ​အား​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။ ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ဤ​သို့ ချီး​မွမ်း​လေ​၏။

ရှု​မောင်​သည်​သူ​ငယ်​တော်​ကို​ပွေ့​ချီ​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​လျက်၊

ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည်​မိ​မိ​တို့​အား ဖြင့် လူ​မျိုး​ခြား​တို့​တွင်​ဘု​ရား​သ​ခင်​ပြု တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​ပြော​ကြား​နေ စဉ်​စု​ဝေး​သော​လူ​အား​လုံး​ပင်​ဆိတ်​ငြိမ်​စွာ နား​ထောင်​လျက်​နေ​ကြ​၏။-

ထို​စာ​ကို​ဖတ်​ပြ​ကြ​သော​အ​ခါ​သူ​တို့​သည် အား​ပေး​စ​ကား​များ​ကြောင့်​လွန်​စွာ​ဝမ်း မြောက်​ကြ​၏။-

တိ​တု​က​သင်​တို့​သည်​ငါ့​ကို​အ​လွန်​တွေ့​လို​ကြ ကြောင်း၊ အ​လွန်​ဝမ်း​နည်း​လျက်​ရှိ​ကြ​ကြောင်း​တို့ ကို​ပြော​ပြ​သ​ဖြင့်​ငါ​သည်​ပို​၍​ပင်​ဝမ်း​မြောက်​၏။

ငါ​တို့​သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန် စို့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​ကင်​လော​က​ဆိုင်​ရာ​ဝိ​ညာဉ်​ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​ကို ခ​ရစ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ​ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော​ကြောင့်​တည်း။-

ယဇ်​ပု​ရော​ဟိတ်​ဖိ​န​ဟတ်​နှင့်​တ​ကွ ဣ​သ​ရေ​လ အ​နောက်​ဘက်​အ​နွယ်​ဝင်​တို့​၏​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင်​ဆယ်​ဦး တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်၊ အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ပြော​ပြ​သ​မျှ​ကို ကြား​ရ​သော​အ​ခါ​ကျေ​နပ်​ဝမ်း​မြောက်​ကြ ၏။-

ထို​နောက်​ဖိ​န​ဟတ်​နှင့်​အ​ကြီး​အ​ကဲ​တို့​သည် ရု​ဗင်​အ​နွယ်​ဝင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင် ရာ​ဂိ​လဒ်​ပြည်​မှ​ခါ​နာန်​ပြည်​သို့​ပြန်​ရောက် ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို​ပြန်​ကြား ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ