Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 22:27

Common Language Bible

ငါ​တို့​၏​လူ​စု​အ​တွက်​သော်​လည်း​ကောင်း၊ သင် တို့​၏​လူ​စု​နှင့်​နောင်​လာ​နောက်​သား​များ​အ​တွက် သော်​လည်း​ကောင်း သက်​သေ​အ​ထိမ်း​အ​မှတ်​ဖြစ် စေ​ရန်​သာ​ဖြစ်​၏။ ငါ​တို့​သည်​ယဇ်​နှင့်​ပူ​ဇော် သကာ​များ​ကို​မီး​ရှို့​ရာ​သ​ကာ​မှ​စ​၍​သ​ကာ အ​မျိုး​မျိုး​ဖြင့် တဲ​တော်​ရှေ့​၌​သာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မည်​ဖြစ်​ကြောင်း ဤ​ယဇ်​ပလ္လင်​က​သက်​သေ​ဖြစ်​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​က ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်' ဟု​ပြော​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​လာ​ဗန်​က``ယ​နေ့​၌​ဤ​ကျောက်​ပုံ သည်​သင်​နှင့်​ငါ​တို့​နှစ်​ဦး​အ​တွက်​သက်​သေ ဖြစ်​စေ​မည်'' ဟု​ယာ​ကုပ်​အား​ဆို​လေ​၏။ ထို အ​ကြောင်း​ကြောင့်​ဤ​အ​ရပ်​ကို​ဂိ​လဒ်​ဟု ခေါ်​တွင်​စေ​ကြ​၏။-

ငါ​သည်​ဤ​ကျောက်​ပုံ​နှင့်​မှတ်​တိုင်​ကို​ကျော် လွန်​၍ သင့်​အား​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ်​ကြောင်း ကို​လည်း​ကောင်း၊ သင်​သည်​လည်း​ဤ​ကျောက်​ပုံ နှင့်​မှတ်​တိုင်​ကို​ကျော်​လွန်​၍ ငါ့​အား​အန္တ​ရာယ် ပြု​မည်​မ​ဟုတ်​ကြောင်း​ကို​လည်း​ကောင်း ဤ ကျောက်​ပုံ​နှင့်​ဤ​မှတ်​တိုင်​သည်​သက်​သေ ဖြစ်​ပါ​စေ​သား။-

အို ထာ​ဝ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ထား​လိမ့်​မည်။ ကိုယ် တော်​အား​အ​နု​မော​ဒ​နာ​ပြု​၍​စိုက်​ထူ​ထား သည့်​ကျောက်​တိုင်​တစ်​ခု​သည်​နယ်​စပ်​တွင်​ရှိ လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​နောက်​ဘက် ဂဲ​လိ​လော့​အ​ရပ်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မြစ်​အ​နီး​တွင်​ကြီး​ကျယ်​ခမ်း​နား​သော​ယဇ် ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-

ငါ​တို့​သည်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ရ​ခြင်း မှာ ယဇ်​နှင့်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​ရန် အ​တွက်​မ​ဟုတ်​ပါ။-

အ​ကယ်​၍​ပြော​ခဲ့​သည်​ရှိ​သော်​ငါ​တို့​၏ အ​ဆက်​အ​နွယ်​တို့​က`ကြည့်​လော့၊ ငါ​တို့​၏ ဘိုး​ဘေး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင် ကဲ့​သို့​သော​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ခဲ့​ကြ​၏။ ထို​ယဇ်​ပလ္လင်​သည်​မီး​ရှို့​ရာ​သကာ​အ​စ​ရှိ သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန် မ​ဟုတ်။ သင်​တို့​၏​လူ​စု​နှင့်​ငါ​တို့​၏​လူ​စု အ​တွက်​သက်​သေ​အ​ထိမ်း​အ​မှတ်​သာ​ဖြစ် သည်' ဟု​ပြန်​ပြော​နိုင်​လိမ့်​မည်​ဟူ​၍​ထင် မြင်​ယူ​ဆ​ပါ​သည်။-

ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​ဤ​ယဇ်​ပလ္လင်​သည်​ငါ​တို့​၏​သက်​သေ​ဖြစ် ပါ​စေ​သော'' ဟု​ဆို​လျက်​ထို​ယဇ်​ပလ္လင်​ကို ``သက်​သေ'' ဟု​မှည့်​ခေါ်​ကြ​လေ​သ​တည်း။

ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ဤ​ကျောက်​တုံး သည်​ငါ​တို့​အ​တွက်​သက်​သေ​ဖြစ်​စေ​မည်။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​ဤ ကျောက်​တုံး​သည်​ကြား​ရ​ပြီ။ သို့​ဖြစ်​၍​သင်​တို့ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​ပုန်​ကန်​လျှင် ဤ​ကျောက်​တုံး​သည်​သက်​သေ​ဖြစ်​ကြ​လိမ့် မည်'' ဟု​မိန့်​ကြား​လေ​၏။-

ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ