Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 22:16

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တစ်​စု​လုံး​၏​ကိုယ် စား​သူ​တို့​အား ပြော​ကြား​သည်​မှာ``သင်​တို့​သည် အ​ဘယ်​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင်​၍ ဤ​မိုက်​မဲ သော​အ​မှု​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​သည် ဤ​ယဇ်​ပလ္လင်​ကို​တည်​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ကြ​ပြီ။ ကိုယ်​တော်​ကို ပစ်​ပယ်​ကြ​ပြီ​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ တဲ​တော်​တံ​ခါး​ဝ​မှ​လွဲ​၍​အ​ခြား တစ်​နေ​ရာ​တွင် မီး​ရှို့​သော​ယဇ်​ကို​သော်​လည်း ကောင်း၊ အ​ခြား​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်​ထို​သူ​ကို ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ် ရ​မည်။

ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ပိုင်​နက်​ဖြစ်​သော​ယော်​ဒန်​မြစ်​အ​နောက် ဘက်​ဂဲ​လိ​လော့​အ​ရပ်​၌​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ် အ​နွယ်​ဝင်​နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့ က ယဇ်​ပလ္လင်​တည်​ကြ​သည့်​သ​တင်း​ကို​ကြား ရ​သော​အ​ခါ အ​ရှေ့​အ​နွယ်​ဝင်​တို့​အား​စစ် ချီ​တိုက်​ခိုက်​ရန်​ရှိ​လော​မြို့​သို့​စု​ရုံး​ရောက် ရှိ​လာ​ကြ​၏။

သူ​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ရှိ​ရာ ဂိလဒ်​ပြည်​သို့​ရောက်​ရှိ​လာ​ကြ​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ