ယောရှု 22:11Common Language Bibleအခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
ထာဝရဘုရား၏လူစုတစ်စုလုံး၏ကိုယ် စားသူတို့အား ပြောကြားသည်မှာ``သင်တို့သည် အဘယ်ကြောင့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားဆန့်ကျင်၍ ဤမိုက်မဲ သောအမှုကိုပြုကြသနည်း။ သင်တို့သည် ဤယဇ်ပလ္လင်ကိုတည်ခြင်းအားဖြင့် ထာဝရ ဘုရားအားပုန်ကန်ကြပြီ။ ကိုယ်တော်ကို ပစ်ပယ်ကြပြီတကား။-
သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။-