Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 21:9

Common Language Bible

လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု ဖြစ်​သည့်​အာ​ရုန်​သား​မြေး​တို့​အ​တွက်​ဦး​စွာ မဲ​ကျ​သ​ဖြင့် ယု​ဒ​နှင့်​ရှိမောင်​တို့​နယ်​မြေ​ထဲ​မှ မြို့​များ​ကို​သတ်​မှတ်​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။

(အ​ထက်​ဖော်​ပြ​ပါ​ယု​ဒ​နယ်၊ ရှိ​မောင်​နယ်၊ င်္ဗယာ​မိန်​နယ်​တို့​မှ​မြို့​တို့​ကို​လည်း​မဲ​ချ​၍ ခွဲ​ဝေ​ပေး​ကြ​၏။)

ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-

လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက် မြို့​များ​ကို​ဦး​စွာ​ခွဲ​ဝေ​သတ်​မှတ် ပေး​ကြ​သည်။ ထို​သို့​ခွဲ​ဝေ​ပေး​ရာ​၌​ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​မှ​ဆင်း​သက်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အ​တွက် မြို့​တစ်​ဆယ့်​သုံး​မြို့ ကို​ယု​ဒ​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ၊ ဗင်္ယာ​မိန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မဲ​ချ ၍​ဤ​မြို့​များ​နှင့်​စား​ကျက်​များ​ကို​လေဝိ အ​နွယ်​ဝင်​တို့​အ​တွက်​သတ်​မှတ်​ပေး​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ