Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 21:4

Common Language Bible

လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက် မြို့​များ​ကို​ဦး​စွာ​ခွဲ​ဝေ​သတ်​မှတ် ပေး​ကြ​သည်။ ထို​သို့​ခွဲ​ဝေ​ပေး​ရာ​၌​ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​မှ​ဆင်း​သက်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အ​တွက် မြို့​တစ်​ဆယ့်​သုံး​မြို့ ကို​ယု​ဒ​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ၊ ဗင်္ယာ​မိန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။

လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-

အာ​မ​ရံ​သည်​ဖ​ခင်​၏​နှ​မ ယော​ခေ​ဗက်​နှင့် စုံ​ဖက်​၍​ယော​ခေ​ဗက်​သည် သား​အာ​ရုန်​နှင့် မော​ရှေ​တို့​ကို​ဖွား​မြင်​၏။ အာ​မ​ရံ​သည်​တစ် ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက်​ရှည်​၏။-

ကော​ဟတ်​၏​သား​ချင်း​စု​တွင်​အာ​မ​ရံ​မိ​သား​စု၊ ဣ​ဇ​ဟာ​မိ​သား​စု၊ ဟေ​ဗြုန်​မိ​သား​စု၊ သြ​ဇေ​လ မိ​သား​စု​တို့​ပါ​ဝင်​၍၊-

ထို့​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​မိ​တို့​ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ​မြို့​များ နှင့်​စား​ကျက်​များ​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့ အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​လေ​သည်။

ကျန်​ရှိ​နေ​သော​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက်​မြို့​ဆယ်​မြို့​ကို​ဧ​ဖ​ရိမ်​နယ်​မြေ၊ ဒန် နယ်​မြေ၊ အ​နောက်​ဘက်​မ​နာ​ရှေ​နယ်​မြေ ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။

အာ​ရုန်​၏​သား​ဧ​လာ​ဇာ​သည်​လည်း​အ​နိစ္စ ရောက်​သ​ဖြင့် သူ​၏​အ​လောင်း​ကို​သူ​၏​သား ဖိ​န​ဟတ်​အား​ပေး​ထား​သော​ဧ​ဖ​ရိမ်​တောင် ကုန်း​ဒေ​သ​ရှိ​ဂစ်​ဗီ​အာ​မြို့​တွင်​သင်္ဂြိုဟ်​ကြ လေ​သည်။ ယော​ရှု​မှတ်​စာ​ပြီး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ