Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 21:17

Common Language Bible

ဗင်္ယာ​မိန်​၏​နယ်​မြေ​မှ​သူ​တို့​အား​ဂိ​ဗောင်​မြို့၊ ဂေ​ဗ​မြို့၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​သ​မင်း​သည် ယု​ဒ​ပြည်​တစ်​လျှောက် လုံး​သို့​အ​မိန့်​ထုတ်​ပြန်​တော်​မူ​ပြီး​လျှင် ပြည်​သူ အ​ပေါင်း​တို့​အား​တစ်​ယောက်​မ​ကျန်​ရာ​မ​မြို့ တံ​တိုင်း​တည်​ဆောက်​ရန်​အ​တွက် ဗာ​ရှာ​မင်း​အ​သုံး ပြု​လျက်​နေ​ခဲ့​သည့်​ကျောက်​တုံး​များ​နှင့်​သစ် သား​များ​ကို​ဝိုင်း​ဝန်း​သယ်​ဆောင်​စေ​တော်​မူ​၏။ ထို​ပစ္စည်း​များ​ဖြင့်​အာ​သ​သည် မိ​ဇ​ပါ​မြို့​နှင့် ဗင်္ယာ​မိန်​နယ်​တွင်​ရှိ​သော​ဂေ​ဘ​မြို့​ကို​တံ​တိုင်း ကာ​ရံ​တော်​မူ​၏။

မင်း​ကြီး​သည်​ယု​ဒ​မြို့​များ​မှ​ယဇ်​ပု​ရော ဟိတ်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ပြီး​လျှင် တစ်​ပြည်​လုံး​ရှိ​ထို​သူ​တို့​ယဇ်​ပူ ဇော်​ခဲ့​သော​ပလ္လင်​များ​ကို​ညစ်​ညမ်း​စေ​တော် မူ​၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ​မြို့​တံ​ခါး​မ ကြီး​၏​လက်​ဝဲ​ဘက်​တွင်​မြို့​ဝန်​ယော​ရှု​တည် ဆောက်​ထား​သည့်​တံ​ခါး​အ​နီး ဆိတ်​နတ်​မိစ္ဆာ တို့​အား​ဆက်​ကပ်​ထား​သော​ယဇ်​ပလ္လင်​များ ကို​လည်း​ဖြို​ဖျက်​တော်​မူ​၏။-

သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။-

ဧဟုဒ်​၏သား​များ​မှာ​နေ​မန်၊ အ​ဟိ​ယ​နှင့် ဂေ​ရ​ဖြစ်​၏။-သူ​တို့သည်​ဂေ​ဗ​မြို့တွင်​နေ​ထိုင် သူ​တို့၏​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​၏။ သို့ရာတွင်​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​ခံ​ရကြ သော​အ​ခါ​သူ​တို့​သည်​မာ​န​ဟက်​မြို့သို့ သွား​ရောက်​နေ​ထိုင်​ကြ​လေ​သည်။ ယင်း​သို့ ပြောင်း​ရွှေ့ရာ​တွင်​သြ​ဇ​နှင့်အ​ဟိ​ဟုဒ်​တို့၏ အ​ဖ​ဖြစ်​သူ​ဂေ​ရသည်​သူ​တို့အား ဦး​စီး​ခေါင်း​ဆောင်​ပြု၏။

ဂိ​လ​ဂါ​လ၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက်​ကျေး​လက်​များ​မှ​လာ​ရောက်​ကြ​လေ​သည်။-

သူ​တို့​သည်​တောင်​ကြား​လမ်း​ကို​ဖြတ်​ပြီး လျှင် ဂေ​ဗ​မြို့​တွင်​စ​ခန်း​ချ​လျက်​နေ​ကြ​၏။ ထို​အ​ခါ​ရာ​မ​မြို့​သား​တို့​သည်​ကြောက် လန့်​ကြ​ကုန်​လျက် ရှော​လု​မင်း​၏​ဌာ​နေ​ဖြစ် သော​ဂိ​ဗာ​မြို့​မှ​လူ​တို့​သည်​လည်း​ထွက် ပြေး​ကြ​ကုန်​၏။-

မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။-

အာ​န​သုတ်​မြို့၊ အာ​လ​မုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​တ​ကွ ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​ကို​သတ်​မှတ်​ပေး​လေ​သည်။

ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ