Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 2:4

Common Language Bible

ရာ​ခပ်​က``ကျွန်​မ​၏​အိမ်​သို့​ဧည့်​သည်​အ​ချို့ ရောက်​ရှိ​လာ​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​သူ တို့​မည်​သည့်​အ​ရပ်​မှ​လာ​သည်​ကို​ကျွန်​မ မ​သိ​ပါ။ သူ​တို့​သည်​မြို့​တံ​ခါး​မ​ပိတ်​မီ​နေ ဝင်​ချိန်​တွင်​ထွက်​ခွာ​သွား​ကြ​ပါ​သည်။ သူ​တို့ မည်​သည့်​အ​ရပ်​သို့​ခ​ရီး​ဆက်​ကြ​သည်​ကို လည်း​မ​သိ​ပါ။ သို့​သော်​လည်း​သူ​တို့​နောက် သို့​အ​လျင်​အ​မြန်​လိုက်​လျှင်​မီ​နိုင်​ပါ​မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​လေ​၏။ (သူ​သည်​ထို သူ​တို့​ကို​အိမ်​ခေါင်​မိုး​ပေါ်​သို့​တက်​စေ​ပြီး လျှင်​အ​မိုး​ပေါ်​တွင်​တင်​ထား​သော​ပိုက်​ဆံ လျှော်​ရိုး​များ​အောက်​တွင်​ဝှက်​ထား​ပြီး ဖြစ်​သည်။)-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​သူ​တို့​ထံ​သို့​သွား​ပြီး လျှင်``သင်​တို့​လမ်း​မှား​နေ​ကြ​သည်။ ဤ​မြို့​သည် သင်​တို့​ရှာ​သော​မြို့​မ​ဟုတ်။ ငါ့​နောက်​သို့​လိုက် ခဲ့​ကြ​လော့။ သင်​တို့​အ​လို​ရှိ​သူ​ထံ​သို့​ငါ​ပို့ ဆောင်​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​ထို​သူ​တို့ အား​ရှ​မာ​ရိ​မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။

ထို​အ​ခါ​ဝမ်း​ဆွဲ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​သည် အီ​ဂျစ်​အ​မျိုး​သ​မီး​တို့​နှင့်​မ​တူ​ပါ။ သူ​တို့​သည်​သား​ဖွား​လွယ်​ကြ​သ​ဖြင့်​ဝမ်း​ဆွဲ​မ​ရောက်​မီ က​လေး​ကို​ဖွား​နှင့်​ပြီး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-

ပြည့်​တန်​ဆာ​မ​ရာ​ခပ်​၏​အ​ကြောင်း​မှာ​လည်း ထို​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ သူ​လျှို​များ​ကို​ကြို​ဆို​လက်​ခံ​ပြီး​နောက် အ​ခြား လမ်း​ဖြင့်​ထွက်​ခွာ​သွား​နိုင်​ရန်​ကူ​ညီ​မ​စ​ခဲ့ ပေ​သည်။ ဤ​အ​မှု​ကြောင့်​သူ​သည်​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​ရ​ရှိ​၏။

ရာ​ခပ်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သင့်​အိမ်​သို့ ရောက်​ရှိ​နေ​သူ​များ​သည်​သူ​လျှို​များ​ဖြစ် သည်။ သူ​တို့​ကို​ငါ့​လက်​သို့​အပ်​လော့'' ဟု ဆင့်​ဆို​စေ​၏။-

မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-

ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ