ယောရှု 2:2Common Language Bibleယေရိခေါမြို့မင်းကြီးသည်ဣသရေလအမျိုးသားအချို့ တိုင်းပြည်၏အခြေအနေ ကိုထောက်လှမ်းရန်ရောက်ရှိနေသည့်သတင်း ကိုကြားသိရသဖြင့်၊- အခန်းကိုကြည့်ပါ။ |
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-