Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 2:19

Common Language Bible

သင့်​အိမ်​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​သည်​လမ်း ပေါ်​သို့​ထွက်​သ​ဖြင့် အ​သတ်​ခံ​ရ​လျှင်​ငါ​တို့ ၏​တာ​ဝန်​မ​ဟုတ်။ သင့်​အိမ်​ထဲ​တွင်​ရှိ​သော​သူ တစ်​စုံ​တစ်​ယောက်​ထိ​ခိုက်​လျှင်​ငါ​တို့​တာ​ဝန် ယူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။

မိ​မိ​၏​အိမ်​ခန်း​တွင်​အိပ်​စက်​နေ​သော​အ​ပြစ်​မဲ့ သူ​အား​သတ်​ဖြတ်​ကြ​သည့်​လူ​ဆိုး​တို့​ကို ပို​၍ ပြင်း​ထန်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​သင့်​သည်​မ ဟုတ်​လော။ ထို​အပြစ်​မဲ့​သူ​ကို​သတ်​သည့်​အ​တွက် ယ​ခု​ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လက်​စား​ချေ မည်။ သင်​တို့​အား​မြေ​မျက်​နှာ​ပြင်​ပေါ်​မှ​သုတ် သင်​ပယ်​ရှင်း​မည်'' ဟု​မိန့်​တော်​မူ​၏။-

ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-

သင်​တို့​နေ​ထိုင်​ရာ​အိမ်​တံ​ခါး​တိုင်​တို့​တွင် သုတ်​လိမ်း​ထား​သော​သွေး​သည်​အ​မှတ်​အ​သား ဖြစ်​လိမ့်​မည်။ ငါ​သည်​သွေး​ကို​မြင်​ရ​သော​အ​ခါ သင်​တို့​အိမ်​ကို​ကျော်​လွန်​သွား​မည်။ သို့​ဖြစ်​၍ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ဒဏ်​ခတ်​သော​အ​ခါ သင်​တို့​သည်​၎င်း​ဒဏ်​မှ​လွတ်​ကင်း​ကြ​လိမ့် မည်။-

ထို​နောက်​ဟု​ဿုပ်​ညွန့်​တစ်​စည်း​ကို​ယူ​၍​အင်​တုံ ထဲ​ရှိ​သိုး​၏​သွေး​၌​နှစ်​ပြီး​လျှင် တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​တိုင်​တို့​ကို​သုတ်​ရ​မည်။ နံ​နက် ချိန်​သို့​ရောက်​သည့်​တိုင်​အောင်​မည်​သူ​မျှ​မိ​မိ အိမ်​အ​ပြင်​သို့​မ​ထွက်​ရ။-

ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-

ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သူ​သည် မိ​မိ​ဖ​ခင်​၏​အ​သ​ရေ​ကို​ဖျက်​သ​ဖြင့် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ မိ​မိ​၏​မိ​ဘ​တို့​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​သည်​မိ​ဘ​ကို​ကျိန်​ဆဲ​သော​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။

အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​အ​တိုက်​အ​ခံ ပြု​၍ ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​ပေါ​လု​သည် မိ​မိ​အ​ဝတ်​မှ​ဖုံ​များ​ကို​ခါ​ချ​၍ ``သင်​တို့ သေ​ကြေ​ပျက်​စီး​ကြ​လျှင်​သင်​တို့​၏​တာ​ဝန် ပင်​ဖြစ်​၏။ ငါ့​မှာ​တာ​ဝန်​မ​ရှိ​တော့​ပြီ။ ယ​ခု မှ​အ​စ​ပြု​၍​ငါ​သည်​လူ​မျိုး​ခြား​တို့​အား တ​ရား​ဟော​တော့​အံ့'' ဟု​ဆို​၏။-

သို့​ဖြစ်​၍​သင်​တို့​အ​နက်​တစ်​ဦး​တစ်​ယောက် သည် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​ပါ​မူ​ငါ​၏​တာ​ဝန် မ​ဟုတ်​ကြောင်း ယ​နေ့​သင်​တို့​ကို​အ​လေး​အ​နက် ငါ​ပြော​၏။-

ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-

ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-

ကျွန်​မ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​သ​ကဲ့ သို့​ကျွန်​မ​၏​မိ​သား​စု​ကို​လည်း ကျေး​ဇူး​ပြု ပါ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ကြ​ပါ​လော့။ ကျွန်​မ​သည်​သင်​တို့ ကို​ယုံ​ကြည်​စိတ်​ချ​နိုင်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား​တစ်​ခု​ခု​ကို​ပေး​ပါ​လော့။-

ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။

သို့​ရာ​တွင်​သင်​သည်​ငါ​တို့​လာ​ရောက်​သည့် ကိစ္စ​ကို တစ်​စုံ​တစ်​ယောက်​အား​ပေါက်​ကြား​စေ လျှင်​မူ​ကား​ငါ​တို့​ပေး​သော​ကတိ​တည်​ရန် မ​လို'' ဟု​ရာခပ်​အား​ပြော​ကြား​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ