Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 2:16

Common Language Bible

သင်​တို့​ကို​လိုက်​ရှာ​သော​သူ​များ​ပြန်​လာ​မှ သင်​တို့​ခ​ရီး​ဆက်​သွား​ကြ​ပါ'' ဟု​မှာ​လိုက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

ပြည့်​တန်​ဆာ​မ​ရာ​ခပ်​၏​အ​ကြောင်း​မှာ​လည်း ထို​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ သူ​လျှို​များ​ကို​ကြို​ဆို​လက်​ခံ​ပြီး​နောက် အ​ခြား လမ်း​ဖြင့်​ထွက်​ခွာ​သွား​နိုင်​ရန်​ကူ​ညီ​မ​စ​ခဲ့ ပေ​သည်။ ဤ​အ​မှု​ကြောင့်​သူ​သည်​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​ရ​ရှိ​၏။

ရာ​ခပ်​သည်​မြို့​ရိုး​နှင့်​ကပ်​၍​ဆောက်​ထား​သော အိမ်​တွင်​နေ​ထိုင်​သ​ဖြင့် သူ​တို့​ကို​ပြူ​တင်း​ပေါက် မှ​ကြိုး​ဖြင့်​မြို့​ပြင်​သို့​လျှော​ချ​လိုက်​လေ​သည်။ ရာ​ခပ်​က ``မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​သင် တို့​ကို​ရှာ​၍​မ​တွေ့​စေ​ရန် တောင်​ပေါ်​သို့​ပြေး​၍​သုံး​ရက်​ပုန်း​အောင်း​နေ​ကြ​လော့။-

သူ​လျှို​တို့​သည်​တောင်​ကုန်း​များ​ပေါ်​သို့​တက် ၍​ပုန်း​အောင်း​နေ​ကြ​၏။ မင်း​ကြီး​စေ​လွှတ်​သော သူ​များ​သည် သူ​လျှို​တို့​ကို​သုံး​ရက်​တိုင်​အောင် နေ​ရာ​အ​နှံ့​လိုက်​လံ​ရှာ​ဖွေ​၍​မ​တွေ့​လျှင် ယေ​ရိ​ခေါ​မြို့​သို့​ပြန်​လာ​ကြ​လေ​သည်။-

ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-

ဒါ​ဝိဒ်​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ အင်္ဂေ​ဒိ ဒေ​သ​သို့​သွား​ရောက်​ပုန်း​အောင်း​လျက်​နေ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ