Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 2:14

Common Language Bible

ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ကျွန်ုပ်​၏​သ​ခင်​အ​တွက်​က​ရု​ဏာ ပြ​တော်​မူ​လျက်​သစ္စာ​ကတိ​အ​တိုင်း​ဆောင်​ရွက် နိုင်​မည်၊ မ​ဆောင်​ရွက်​နိုင်​မည်​ကို​သိ​ပါ​ရ​စေ။ မ​ဆောင်​ရွက်​နိုင်​ဟု​ဆို​လျှင်​လည်း​သိ​ပါ​ရ​စေ။ သို့​မှ​သာ​ကျွန်ုပ်​မည်​ကဲ့​သို့​ဆက်​လက်​ဆောင်​ရွက် ရ​မည်​ကို​ဆုံး​ဖြတ်​နိုင်​ပါ​မည်'' ဟု​ပြော​လေ​၏။

သူ​သည်​စု​တေ့​ရ​သော​အ​ချိန်​နီး​လာ​သော အ​ခါ သား​ယော​သပ်​ကို​ခေါ်​၍​ငါ့​အား​သင် မျက်​နှာ​သာ​ပေး​မည်​ဆို​လျှင်``ငါ​၏​ပေါင်​အောက် မှာ​သင်​၏​လက်​ကို​ထား​လျက် သင်​၏​က​ရု​ဏာ နှင့်​သစ္စာ​တ​ရား​ကို​ငါ့​အား​ပြ​မည်​ဟု​က​တိ ပြု​ပါ​လော့။ အ​ဖ​ကို​အီ​ဂျစ်​ပြည်​၌​သင်္ဂြိုဟ် ခြင်း​မ​ပြု​ပါ​နှင့်။-

ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။-

ဒါ​ဝိဒ်​က``ရှော​လု​၏​မိ​သား​စု​ထဲ​မှ​ကျန်​ကြွင်း သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော။ ရှိ​ခဲ့ လျှင်​ငါ​သည်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက် သော​အား​ဖြင့်​သူ့​အား​ကျေး​ဇူး​ပြု​လို​သည်'' ဟု​မိန့်​တော်​မူ​၏။

မင်း​ကြီး​ကြွ​လာ​တော်​မူ​သော​အ​ခါ​ပ​ရော ဖက်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​တိုက်​ပွဲ ဝင်​လျက်​နေ​စဉ် စစ်​သား​တစ်​ယောက်​သည်​ရန်​သူ သုံ့​ပန်း​တစ်​ဦး​ကို​အ​ကျွန်ုပ်​ထံ​အပ်​၍`ဤ​သူ​ကို ထိန်း​သိမ်း​ထား​လော့။ အ​ကယ်​၍​ထို​သူ​ထွက်​ပြေး သွား​ပါ​က သင်​သည်​သူ​၏​အ​သက်​အ​စား​မိ​မိ ၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သို့​မ​ဟုတ်​လျှင် လည်း​ငွေ​သား​သုံး​ထောင်​ဒဏ်​ဆောင်​ရ​မည်' ဟု မှာ​ကြား​ခဲ့​ပါ​၏။-

မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။

အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။

``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။

တပ်​မှူး​က ``သင်​သည်​ဤ​ကဲ့​သို့​ငါ့​အား​တိုင် ကြား​ခဲ့​ကြောင်း​အ​ဘယ်​သူ​အား​မျှ​မ​ပြော နှင့်'' ဟု​ဆို​၍​ထို​လူ​ငယ်​ကို​ထွက်​ခွာ​သွား​စေ​၏။

ကျွန်မ​၏​မိ​ဘ၊ မောင်​နှ​မ​နှင့်​သူ​တို့​၏​မိ​သား​စု​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည် ဟု​က​တိ​ပေး​ကြ​ပါ​လော့'' ဟု​ဆို​၏။

ရာ​ခပ်​သည်​မြို့​ရိုး​နှင့်​ကပ်​၍​ဆောက်​ထား​သော အိမ်​တွင်​နေ​ထိုင်​သ​ဖြင့် သူ​တို့​ကို​ပြူ​တင်း​ပေါက် မှ​ကြိုး​ဖြင့်​မြို့​ပြင်​သို့​လျှော​ချ​လိုက်​လေ​သည်။ ရာ​ခပ်​က ``မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​သင် တို့​ကို​ရှာ​၍​မ​တွေ့​စေ​ရန် တောင်​ပေါ်​သို့​ပြေး​၍​သုံး​ရက်​ပုန်း​အောင်း​နေ​ကြ​လော့။-

မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-

ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။-

ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)

ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ