Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 18:4

Common Language Bible

သင်​တို့​၏​အ​နွယ်​တစ်​နွယ်​လျှင်​သုံး​ယောက် ကျ​ရွေး​ချယ်​၍​ငါ့​ထံ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် နှစ်​သက်​ရာ နယ်​မြေ​ကို​ပိုင်း​ခြား​သတ်​မှတ်​ပေး​ရန်​သူ တို့​အား​တစ်​ပြည်​လုံး​သို့​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ယင်း​သို့​နယ်​မြေ​တို့​ကို​သတ်​မှတ် ပေး​ပြီး​သော​အ​ခါ ငါ့​ထံ​သို့​ပြန်​လာ​ရ ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​တိုင်း​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​လက်​သို့​ပြန်​၍​အပ်​သော အ​ခါ​၌ သင်​တို့​အ​နက်​မည်​သူ​မျှ​မြေ ဝေ​စု​ကို​ရ​မည်​မ​ဟုတ်။

အ​နွယ်​တစ်​နွယ်​စီ​မှ​သား​ချင်း​စု​အ​ကြီး​အ​ကဲ​တစ်​ဦး​ကို သင်​တို့​အား​ကူ​ညီ​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။-

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး​မည့် ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​မှ​ခေါင်း​ဆောင်​တစ်​ဦး​ကျ​စီ ကို​ရွေး​လော့'' ဟု​မိန့်​တော်​မူ​၏။-

သို့​ဖြစ်​၍​ယော​ရှု​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​ကို ပေး တော်​မူ​သော​ပြည်​ကို​မ​သိမ်း​ယူ​ဘဲ​အ​ဘယ် မျှ​ကြာ​အောင်​စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​နည်း။-

ထို​ပြည်​ကို​ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​မည်။ ယု​ဒ အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​တောင်​ဘက်​နယ် မြေ​၌​လည်း​ကောင်း၊ ယော​သပ်​အ​နွယ်​ဝင်​တို့ သည်​မိ​မိ​တို့​၏​မြောက်​ဘက်​နယ်​မြေ​၌​လည်း ကောင်း​နေ​ထိုင်​ရ​ကြ​မည်။-

နယ်​မြေ​ခုနစ်​ပိုင်း​တို့​ကို​ပိုင်း​ခြား​ရေး​သား ၍​ငါ့​ထံ​သို့​တင်​သွင်း​လော့။ ထို​နောက်​ငါ​သည် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ခြင်း​ငှာ​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်။-

သို့​ဖြစ်​၍​သူ​တို့​သည်​တိုင်း​ပြည်​တစ်​လျှောက် လုံး​သို့​သွား​ပြီး​လျှင် ပါ​ဝင်​သော​မြို့​များ စာ​ရင်း​နှင့်​တ​ကွ​နယ်​မြေ​ခု​နစ်​ခု​ကို​ပိုင်း ခြား​ရေး​မှတ်​၍​ရှိ​လော​မြို့​စ​ခန်း​တွင်​ရှိ နေ​သော​ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။-

ယ​ခု​မူ​ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး ကျ​ဖြင့် လူ​တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး ချယ်​ကြ​လော့။-

``ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး​ကျ​ဖြင့် တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး​ချယ်​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ