ယောရှု 17:4Common Language Bibleသူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။- အခန်းကိုကြည့်ပါ။ |
လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-