Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 17:18

Common Language Bible

တောင်​ကုန်း​ဒေ​သ​ကို​သင်​တို့​အား​ပေး​မည်။ ထို​ဒေ​သ​သည်​သစ်​တော​ဖြစ်​သော်​လည်း သင် တို့​သည်​တော​ကို​ခုတ်​ထွင်​၍​တစ်​စွန်း​မှ​တစ် စွန်း​အ​ထိ​နေ​ထိုင်​လော့။ ခါ​နာန်​အ​မျိုး​သား တို့​တွင်​သံ​စစ်​ရ​ထား​များ​ရှိ​၍​အင်​အား ကောင်း​သော်​လည်း​သင်​တို့​သည်​သူ​တို့​ကို နှင်​ထုတ်​နိုင်​ကြ​လိမ့်​မည်'' ဟု​ပြော​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​၏​ကာ​ကွယ်​ရာ​ကျောက်​ဖြစ်​တော်​မူ​သော သိုး​ထိန်း​ရှင်​၏​စောင်​မ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​၏​လေး​သည်​တည်​ငြိမ်​၍​သူ​၏​လက်​တို့​သည် အား​သန်​လျက်​ရှိ​၏။

ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။-

အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-

မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-

ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။ သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့် ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။ သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။

သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-

ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

ယော​ရှု​က​ဧ​ဖ​ရိမ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​ဝင်​တို့​အား``သင်​တို့​သည်​စင်​စစ် အား​ဖြင့်​လူ​ဦး​ရေ​များ​ပြား​၍​ခွန်​အား ကြီး​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ဝေ​စု တစ်​စု​ထပ်​မံ​၍​ရ​စေ​မည်။-

ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-

ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ