Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 17:16

Common Language Bible

ထို​အ​ခါ​သူ​တို့​က``တောင်​ကုန်း​ဒေ​သ​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​အ​တွက်​ကျဉ်း​မြောင်း ပါ​သည်။ ဗက်​ရှန်​နှင့်​ပတ်​ဝန်း​ကျင်​မြို့​များ အ​နီး​ရှိ​မြေ​ပြန့်​၌​လည်း​ကောင်း၊ ယေ​ဇ​ရေ လ​ချိုင့်​ဝှမ်း​၌​လည်း​ကောင်း​နေ​ထိုင်​သော ခါ​နာန်​အ​မျိုး​သား​များ​တွင်​သံ​စစ်​ရ​ထား များ​ရှိ​ကြ​ပါ​သည်'' ဟု​လျှောက်​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ချိန်​အ​နည်း​ငယ်​အ​တွင်း​၌​ပင်​ကောင်း​ကင် ပြင်​တွင် တိမ်​မည်း​များ​အုပ်​ဆိုင်း​လာ​ပြီး​လျှင် လေ​တိုက်​လျက်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​လေ​၏။ အာ​ဟပ်​သည်​လည်း​ရ​ထား​ပေါ်​သို့​တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ဧ​လိ​ယ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည်​မိ​မိ​၏ ဝတ်​လုံ​ကို​ခါး​တွင်​စည်း​၍​ယေ​ဇ​ရေ​လ​မြို့ သို့​ရောက်​သည့်​တိုင်​အောင်​အာ​ဟပ်​၏​ရှေ့​က ပြေး​လေ​၏။

ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-

ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-

အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။

ယေ​ဇ​ဗေ​လ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရ​လိမ့် မည်​မ​ဟုတ်။ သူ​၏​အ​လောင်း​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင် ခွေး​စာ​ဖြစ်​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။ ထို​နောက်​ပ​ရော​ဖက်​ငယ် သည်​အ​ခန်း​ထဲ​မှ​ထွက်​ပြေး​လေ​၏။

သူ​၏​အ​လောင်း​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​အောင် ထို​အ​ရပ်​တွင်​နောက်​ချေး​ကဲ့​သို့​ကြဲ​လျက်​နေ လိမ့်​မည်​ဟု ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ချက်​နှင့်​အ​ညီ​ဖြစ်​သည်'' ဟု​ဆို​၏။

ငါ​သည်​ရဗ္ဗာ​မြို့​သူ​မြို့​သား​တို့​အား​စစ်​တိုက် သံ​များ​ကို ကြား​စေ​မည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​မြို့​သည်​ပျက်​စီး​လျက် ယင်း​၏​ကျေး​လက်​တော​ရွာ​များ​သည်​လည်း မီး​လောင်​ကျွမ်း​လိမ့်​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​ကို​သိမ်း​ယူ ထား​သူ​တို့​၏​လက်​မှ​ပြန်​လည်​ရ​ရှိ​ကြ လိမ့်​မည်။-

မ​နာ​ရှေ​အ​နွယ်​သည်​ဣ​သ​ခါ​နှင့်​အာ​ရှာ နယ်​မြေ​များ​အ​တွင်း​၌​တည်​ရှိ​သော​ဗက်​ရှန် မြို့၊ ဣ​ဗ​လံ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပြင်​ဒေါ​ရ​မြို့(ပင်​လယ်​ကမ်း​ခြေ​တွင်​တည် ရှိ​သည်) အင်္ဒေါ​ရ​မြို့၊ တာ​နက်​မြို့၊ မေ​ဂိဒ္ဒေါ​မြို့ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ကို​ပိုင်​လေ​သည်။-

ယော​ရှု​က``သင်​တို့​တွင်​လူ​ဦး​ရေ​တိုး​ပွား များ​ပြား​သ​ဖြင့် ဧ​ဖ​ရိမ်​အ​တွက်​ပေး​သော တောင်​ကုန်း​ဒေ​သ​သည်​ကျဉ်း​မြောင်း​လျှင် ဖေ​ရ​ဇိ​နှင့်​ရေ​ဖိမ်​အ​မျိုး​သား​များ​နေ ထိုင်​ရာ​အ​ရပ်​ရှိ​တော​များ​ကို​ခုတ်​ထွင်​၍ နေ​ထိုင်​ကြ​လော့'' ဟု​ပြန်​ဖြေ​၏။

ယော​ရှု​က​ဧ​ဖ​ရိမ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​ဝင်​တို့​အား``သင်​တို့​သည်​စင်​စစ် အား​ဖြင့်​လူ​ဦး​ရေ​များ​ပြား​၍​ခွန်​အား ကြီး​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ဝေ​စု တစ်​စု​ထပ်​မံ​၍​ရ​စေ​မည်။-

တောင်​ကုန်း​ဒေ​သ​ကို​သင်​တို့​အား​ပေး​မည်။ ထို​ဒေ​သ​သည်​သစ်​တော​ဖြစ်​သော်​လည်း သင် တို့​သည်​တော​ကို​ခုတ်​ထွင်​၍​တစ်​စွန်း​မှ​တစ် စွန်း​အ​ထိ​နေ​ထိုင်​လော့။ ခါ​နာန်​အ​မျိုး​သား တို့​တွင်​သံ​စစ်​ရ​ထား​များ​ရှိ​၍​အင်​အား ကောင်း​သော်​လည်း​သင်​တို့​သည်​သူ​တို့​ကို နှင်​ထုတ်​နိုင်​ကြ​လိမ့်​မည်'' ဟု​ပြော​ဆို​၏။

ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-

သူ​သည်​သံ​ရ​ထား​ကိုး​ရာ​နှင့်​မိ​မိ​၏​လူ အ​ပေါင်း​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် လူ​မျိုး ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက်​မြို့​မှ​ကိ​ရှုန် မြစ်​သို့​စေ​လွှတ်​လိုက်​လေ​သည်။

ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။

ထို​အ​ခါ​မိ​ဒျန်​အ​မျိုး​သား​များ၊ အာ​မ​လက် အ​မျိုး​သား​များ၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​အ​ပေါင်း တို့​သည်​စု​ဝေး​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ပြီး​လျှင် ယေ​ဇ​ရေ​လ​ချိုင့်​တွင်​စ​ခန်း​ချ​ကြ​၏။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ