Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 17:1

Common Language Bible

ယော​သပ်​၏​သား​ဦး​ဖြစ်​သော​မ​နာ​ရှေ​၏ အ​ဆက်​အ​နွယ်​မိ​သား​စု​အ​ချို့​တို့​သည် လည်း ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​နယ်​မြေ တစ်​စိတ်​တစ်​ဒေ​သ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လေ သည်။ ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​သည်​မ​နာ​ရှေ ၏​သား​ဦး​ဖြစ်​သည်။ စစ်​သူ​ရဲ​ကောင်း​လည်း ဖြစ်​သည်။ သို့​ဖြစ်​၍​သူ​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် တို့​ကို​ရ​ရှိ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​က``ဘု​ရား​သ​ခင်​သည်​ငါ​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ အ​ဖ​၏​အိမ်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း​မေ့​ပျောက်​စေ​တော် မူ​ပြီ'' ဟု​ဆို​၍​သူ​၏​သား​ဦး​ကို​မ​နာ​ရှေ​ဟု နာ​မည်​မှည့်​လေ​၏။-

ဒု​တိ​ယ​သား​ရ​သော​အ​ခါ``ဘု​ရား​သ​ခင် သည်​ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သော​ပြည်​တွင် ငါ့​အား သား​သ​မီး​ရ​တ​နာ​ထွန်း​ကား​စေ​တော်​မူ​ပြီ'' ဟု​ဆို​၍​ထို​သား​ကို​ဧ​ဖ​ရိမ်​ဟု​နာ​မည်​မှည့် လေ​၏။

ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​သြ​န​မြို့​မှ​ယဇ် ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ​နတ် နှင့်​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​ကို​ရ​သည်။-

ယော​သပ်​သည်​အ​ဖ​က ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း ပေါ်​တွင်​လက်​ယာ​လက်​တင်​သည်​ကို​မြင်​ရ သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။ သူ​သည် ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ်​မှ အ​ဖ​၏​လက်​ကို မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​သို့​ပြောင်း​ရွှေ့​တင် စေ​လို​သ​ဖြင့်၊-

``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။

သူ​သည်​ဧ​ဖ​ရိမ်​၏​သား​သ​မီး​နှင့်​မြေး​တို့ ကို​တွေ့​မြင်​သွား​ရ​၏။ မ​နာ​ရှေ​၏​သား​မာ​ခိ ရ​၏​သား​သ​မီး​တို့​ကို​လည်း​ပြု​စု​ခဲ့​ရ​၏။-

သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-

သို့​ရာ​တွင်​ဂေ​ရှု​ရ​နှင့်​အာ​ရံ​ဘု​ရင်​တို့​သည် ထို​ပြည်​မှ​ယာ​ဣ​ရ​နှင့်​ကေ​နတ်​ရွာ​တို့​နှင့် တ​ကွ အ​နီး​အ​နား​ရှိ​မြို့​များ​အ​ပါ​အ​ဝင် မြို့​ခြောက်​ဆယ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​လိုက် ကြ​၏။ ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း တို့​မှာ​ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​၏​သား​မြေး များ​ဖြစ်​သ​တည်း။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။-

မ​နာ​ရှေ​အ​နွယ်၊ မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​သည် ဂိ​လဒ်​၏​ဖ​ခင်​ဖြစ်​သည်။ ဂိ​လဒ်​မှ​ဆင်း​သက် သော​သား​ချင်း​စု​များ​မှာ၊-

ဇ​လော​ဖဒ်​သည်​ဟေ​ဖေ​ရ​၏​သား၊ ဟေ​ဖေ​ရ သည်​ဂိ​လဒ်​၏​သား၊ ဂိ​လဒ်​သည်​မာ​ခိ​ရ​၏​သား၊ မာ​ခိ​ရ​သည်​မ​နာ​ရှေ​၏​သား၊ မ​နာ​ရှေ​သည် ယော​သပ်​၏​သား​ဖြစ်​သည်။ ဇ​လော​ဖဒ်​၏​သ​မီး များ​ဖြစ်​ကြ​သော​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​တို့​သည်၊-

ထို့​ကြောင့်​မော​ရှေ​သည်​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​ပိုင်​သ​မျှ သော​နယ်​မြေ​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​ကို​ဂဒ်​အ​နွယ်​ဝင်၊ ရုဗင်​အ​နွယ်​ဝင် နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​အား​သတ်​မှတ် ပေး​လေ​သည်။-

သား​ဦး​သည်​သူ​ပို​၍​ချစ်​သော​မယား​၏​သား မ​ဟုတ်​သော်​လည်း သူ​ရ​သင့်​ရ​ထိုက်​သော​အမွေ ဥစ္စာ​နှစ်​ဆ​ကို​ပေး​ရ​မည်။ ထို​သား​သည်​သား ဦး​ဖြစ်​သည်​ကို​အ​သိ​အ​မှတ်​ပြု​လျက် သူ့ အား​တ​ရား​ဝင်​ရ​ထိုက်​သော​ဝေ​စု​ကို​ပေး ရ​မည်။''

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​နယ်​မြေ​ကို​မ​နာ ရှေ​မှ​ဆင်း​သက်​သော​ကျန်​မိ​သား​စု​များ​ရ ရှိ​ကြ​သည်။ ယင်း​မိ​သား​စု​တို့​မှာ​အ​ဗျေ​ဇာ မိ​သား​စု၊ ဟေ​လက်​မိ​သား​စု၊ အ​သ​ရေ​လ မိ​သား​စု၊ ရှေ​ခင်​မိ​သား​စု၊ ဟေ​ဖာ​မိ​သား စု​နှင့်​ရှ​မိ​ဒ​မိ​သား​စု​တို့​ဖြစ်​ကြ​သည်။-

သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။ စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်း စစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ