ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
ခေရုဗိမ် တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။-
ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့သည် ခေရုဗိမ်များထက်တွင်စံပယ်တော်မူသည့် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယူဆောင်ရန် ယုဒပြည်ရှိဗာလာမြို့တည်း ဟူသောကိရိယတ်ယာရိမ်မြို့သို့သွား ကြ၏။-
ထို့အပြင်ကိရယတ်ဗာလမြို့(သို့မဟုတ် ကိရယတ်ယာရိမ်မြို့) နှင့်ရဗ္ဗာမြို့ဟူ၍မြို့ ကြီးနှစ်မြို့နှင့်တကွပတ်ဝန်းကျင်ရှိမြို့ ရွာများလည်းပါဝင်လေသည်။-
တောင်ဘက်နယ်နိမိတ်သည်ကိရယတ် ယာရိမ်မြို့စွန်မှအစပြု၍ နေဖတော စမ်းရေတွင်းများသို့ရောက်သည်။-
သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-
သူတို့သည်ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့၌ တပ်စခန်းချကြ၏။ ထိုအကြောင်းကြောင့်ထို အရပ်သည်ဒန်တပ်စခန်းဟူ၍ယနေ့တိုင် အောင်အမည်တွင်သတည်း။-
ကိရယတ်ယာရိမ်မြို့သားတို့ထံသို့တမန် များစေလွှတ်ပြီးလျှင်``ဖိလိတ္တိအမျိုးသား တို့သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပြန်လည်ပို့ဆောင်ကြလေပြီ။ သင် တို့လာ၍သေတ္တာတော်ကိုပင့်ဆောင်ကြပါ လော့'' ဟုမှာကြားလိုက်ကြ၏။