ယောရှု 15:1Common Language Bibleယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။- အခန်းကိုကြည့်ပါ။ |
ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။-
အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။