ယောရှု 14:13Common Language Bibleထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။