Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 13:8

Common Language Bible

ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​အ​ကျွန်ုပ်​တို့ အား​နယ်​မြေ​ဝေ​စု​ပေး​ထား​ပြီး​ဖြစ်​သ​ဖြင့် အ​နောက်​ဘက်​ကမ်း​တွင်​နယ်​မြေ​ဝေ​စု​ကို ထပ်​မံ​၍​မ​တောင်း​ဆို​ပါ'' ဟူ​၍​လျှောက် ထား​ကြ​၏။

``သို့​ဖြစ်​၍​ထို​အ​ချိန်​တွင်​ငါ​တို့​သည် အာ​နုန် မြစ်​မှ​ဟေ​ရ​မုန်​တောင်​အ​ထိ​ကျယ်​ပြန့်​သော ယော​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို ထို အာ​မော​ရိ​ဘု​ရင်​နှစ်​ပါး​တို့​ထံ​မှ​သိမ်း ယူ​ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တောင် ဘက်​အာ​နုန်​မြစ်​ဝှမ်း​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​အ​ထိ၊ အ​ရှေ့​ဘက်​နယ်​မြေ​နှင့်​ယော်​ဒန် မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​တိုက်​ခိုက်​သိမ်း ယူ​ခဲ့​ပြီး​ဖြစ်​သည်။-

ဤ​မင်း​များ​ကို​မော​ရှေ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှိမ်​နင်း​ခဲ့​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည်​ထို​မင်း​တို့ ၏​နယ်​မြေ​များ​ကို​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​ခဲ့​လေ​သည်။

သို့​ဖြစ်​၍​ယ​ခု​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ကိုး​နွယ်​နှင့်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​တို့ အား​ဤ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရန်​ခွဲ​ဝေ ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။-

ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-

ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မနာရှေ​အ​နွယ်​တစ် ဝက်​တို့​သည်​မော​ရှေ​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​က လက်​နက်​စွဲ​ကိုင်​၍​ချီ​တက်​ကြ​သည်။-

အ​ချို့​တို့​က​မူ​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ကာ​ဂဒ်​နှင့်​ဂိ​လဒ်​နယ်​များ​သို့​ထွက်​ပြေး ကြ​၏။ ရှော​လု​သည်​ဂိ​လ​ဂါ​လ​မြို့​တွင်​ပင်​ရှိ​နေ သေး​၏။ သူ​နှင့်​အ​တူ​ရှိ​သည့်​တပ်​သား​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ