Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 13:25

Common Language Bible

သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။

ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊-

သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး လျှင် ဂဒ်​နယ်​ချိုင့်​ဝှမ်း​အ​လယ်​ရှိ​အာ​ရော်​မြို့ ၏​တောင်​ဘက်​တွင်​စ​ခန်း​ချ​ကြ​၏။ ထို​နောက် ထို​အ​ရပ်​မှ​မြောက်​ဘက်​တွင်​ရှိ​သော​ယာ​ဇာ မြို့​သို့​လည်း​ကောင်း၊-

ယေ​ရိ​ယ​သည်​ဟေဗြုန်​၏​သား​မြေး​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​အ​နှစ်​လေး​ဆယ် မြောက်​တွင်​ဟေ​ဗြုန်​၏​သား​မြေး​ဆွေ​စဉ်​မျိုး​ဆက် များ​ကို​စုံ​စမ်း​ရှာ​ဖွေ​၍​ကြည့်​ရာ ယင်း​အ​ဆက် အ​နွယ်​များ​ထဲ​မှ​ထူး​ချွန်​သော​စစ်​သူရဲ​များ သည်​ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့​၌​နေ​ထိုင် လျက်​ရှိ​ကြောင်း​တွေ့​ရ​လေ​သည်။-

ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​လေ​သည်။

ဟေ​ရှ​ဘုန်​မြို့​အ​နီး​ရှိ​လယ်​ယာ​များ​နှင့်​စိ ဗ​မာ​စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​ပြုန်း​၍ သွား​ကြ​၏။ လူ​မျိုး​ခြား​မင်း​အ​ပေါင်း​တို့​သည် ထို​စ​ပျစ်​ဥ​ယျာဉ်​တို့​မှ​ထွက်​သော​စ​ပျစ်​ရည် များ​ဖြင့်​မူး​ယစ်​နေ​ခဲ့​ကြ​ဖူး​၏။ အ​ခါ​တစ် ပါး​က​စ​ပျစ်​နွယ်​များ​သည် အ​ရှေ့​ဘက်​သို့ ယာ​ဇာ​မြို့​နှင့်​သဲ​ကန္တာ​ရ​တိုင်​အောင်​လည်း ကောင်း၊ အ​နောက်​ဘက်​သို့​ပင်​လယ်​သေ​တစ် ဘက်​ကမ်း​တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ ခဲ့​ကြ​၏။-

ရှု​ရိ​မြို့​များ​သည်​လည်း​ထာ​ဝ​စဉ်​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​တို့​သည်​သိုး များ​နှင့်​ကျွဲ​နွား​များ​၏​စား​ကျက်​ဖြစ်​လိမ့် မည်။ ထို​တိ​ရစ္ဆာန်​တို့​အား​မောင်း​ထုတ်​မည့်​သူ ရှိ​လိမ့်​မည်​မ​ဟုတ်။-

ယာ​ဇာ​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငို​ကြွေး သည်​ထက်​စိ​ဗ​မာ​မြို့​သူ​မြို့​သား​များ အ​တွက် ငါ​ပို​၍​ငို​ကြွေး​မည်။ အို စိ​ဗ​မာ​မြို့၊ သင်​သည်​ပင်​လယ်​သေ​ကို​ကျော်​ဖြတ်​၍ ယာ​ဇာ​မြို့​တိုင်​အောင်​ပျံ့​နှံ့​သွား​သည့်​စ​ပျစ် ပင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သင် ၏​နွေ​ရာ​သီ​သစ်​သီး​ဝ​လံ​များ​နှင့်​စ​ပျစ် ပင်​များ​သည်​အ​ဖျက်​အ​ဆီး​ခံ​ရ​ကြ​လေ ပြီ။-

ဖျက်​ဆီး​မည့်​ဋ္ဌား​လာ​ရောက်​ရန်​မှတ်​တိုင်​တစ် တိုင်​သည် အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​သို့​လမ်း​ညွှန် လျက် အ​ခြား​တစ်​တိုင်​မှာ​ယု​ဒ​ပြည်​ခိုင်​ခံ့ သော​ယေ​ရု​ရှ​လင်​မြို့​သို့​လမ်း​ညွှန်​ရ​မည်။-

ထို့​ကြောင့်​ငါ​သည်​ရဗ္ဗာ​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး ရဗ္ဗာ​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်။ စစ်​တိုက်​သော​နေ့​၌​အော် သံ​ဟစ်​သံ​တ​ညံ​ညံ​ကြား​ရ​ပြီး တိုက်​ပွဲ သည်​မုန်​တိုင်း​တ​မျှ​ပြင်း​ထန်​လိမ့်​မည်။-

မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။

အာ​တ​ရုတ်​ရှော​ဖန်​မြို့၊ ယာ​ဇာ​မြို့၊ ယု​မ္ဘေဟ မြို့၊-

သင်​တို့​သည်​လောတ​၏​အ​ဆက်​အ​နွယ်​များ ဖြစ်​သော အမ္မုန်​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ပြည် အ​နီး​သို့​ရောက်​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ပေး​ထား​တော်​မူ​သော​ပြည်​ကို သင် တို့​ကို​ပေး​မည်​မ​ဟုတ်​သော​ကြောင့်​သူ​တို့​ကို မ​နှောင့်​ယှက်​နှင့်၊ စစ်​မ​တိုက်​နှင့်' ဟု​မိန့်​တော် မူ​၏။''

(သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)

ဂိ​လဒ်​နယ်၊ ဂေ​ရှု​ရိ​နယ်၊ မာ​ခါ​နယ်၊ ဟေ​ရ​မုန် တောင်​တစ်​ခု​လုံး​နှင့်​သာ​လ​က​ပြည်​အ​ထိ ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​တို့ သည်​လည်း​ကောင်း၊-

မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-

သူ​တို့​၏​နယ်​မြေ​သည်​ဟေ​ရှ​ဘုန်​မြို့​မှ ရာ​မတ်​မိ​ဇ​ပါ​မြို့​နှင့်​ဗေ​တော​နိမ်​မြို့​တိုင် အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​လို​ဒီ​ဗာ နယ်​စပ်​တိုင်​အောင်​လည်း​ကောင်း​ကျယ်​ပြန့်​သည်။-

ဂိ​လဒ်​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​နေ​ရစ်​ကြ​၏။ ဒန်​အ​နွယ်​ဝင်​တို့​သည်​လည်း​သင်္ဘော​များ အ​နီး​တွင်​နေ​ရစ်​ကြ​၏။ အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​ပင်​လယ်​ကမ်း​ခြေ အ​နီး​တွင်​နေ​ရစ်​ကြ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ