ယောရှု 12:22Common Language Bibleကေဒေရှမြို့၊(ကရမေလတောင်ပေါ်ရှိ) ယောကနမ်မြို့၊(ပင်လယ်ကမ်းခြေရှိ)- အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။ တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊ သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။ နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-