ယောရှု 11:8Common Language Bibleထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။- အခန်းကိုကြည့်ပါ။ |
အို ဇိဒုန်မြို့၊ သင်သည်အသရေပျက်လေပြီ။ ပင်လယ်နှင့်သမုဒ္ဒရာကြီးများ၏နက်နဲရာ အရပ်က``ငါ့မှာအဘယ်အခါကမျှသား သမီးများမရှိခဲ့။ ငါသည်ဘယ်သောအခါ ကမျှသားများကိုသော်လည်းကောင်း၊ သမီး များကိုသော်လည်းကောင်းမမွေးဖွားမပြု စုခဲ့'' ဟုဆိုကာသင့်ကိုစွန့်လွှတ်လိုက်လေပြီ။
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-