Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 11:14

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​မြို့ များ​မှ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​နှင့်​သိုး​နွား တိ​ရစ္ဆာန်​တို့​ကို မိ​မိ​တို့​အ​တွက်​သိမ်း​ယူ ကြ​သည်။ မြို့​သူ​မြို့​သား​များ​ကို​မူ​ကား တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။-

သို့​ရာ​တွင်​မိန်း​မ​များ၊ က​လေး​များ၊ သိုး​နွား စ​သော​တိ​ရစ္ဆာန်​များ​နှင့်​မြို့​တွင်း​၌​ရှိ​သ​မျှ သော​ပစ္စည်း​များ​ကို သင်​တို့​အ​တွက်​သိမ်း​ယူ နိုင်​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​ပိုင်​သ​မျှ ပစ္စည်း​အား​လုံး​ကို သင်​တို့​သုံး​စွဲ​ရန်​သင်​တို့ လက်​သို့​ပေး​အပ်​တော်​မူ​၏။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

ယော​ရှု​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​တိုက် ခိုက်​အောင်​မြင်​လေ​သည်။ သူ​သည်​တောင်​ပေါ် ဒေ​သ​ရှိ​မင်း​များ၊ အ​ရှေ့​ဘက်​တောင်​စောင်း နှင့်​အ​နောက်​ဘက်​တောင်​ခြေ​ရှိ​မင်း​များ​နှင့် တောင်​ဘက်​ခြောက်​သွေ့​သော​ဒေ​သ​ရှိ​မင်း အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။ ၎င်း​တို့​၏​ပြည်​သူ​ပြည်​သား​အား​လုံး​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဤ​သို့​ပြု​ခြင်း​ဖြစ်​သည်။-

သူ​တို့​သည်​မြို့​သူ​မြို့​သား​များ​ကို​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​၍ မြို့ ကို​မီး​ရှို့​ဖျက်​ဆီး​ကြ​သည်။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟာ​ဇော်​မြို့​မှ​လွဲ​၍ တောင်​ပေါ်​တွင်​တည်​ထား သော​အ​ခြား​မြို့​များ​ကို​မူ​မီး​ရှို့​ဖျက်​ဆီး ခြင်း​မ​ပြု​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​တည်း ကို​သာ​ယော​ရှု​မီး​ရှို့​ဖျက်​ဆီး​ခဲ့​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သည်​အ​တိုင်း မော​ရှေ​သည်​ယော​ရှု​အား​တစ်​ဆင့်​မိန့်​မှာ ခဲ့​၏။ ယော​ရှု​က​လည်း​မော​ရှေ​မိန့်​မှာ​သည် အ​တိုင်း​ဆောင်​ရွက်​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ယော​ရှု​လိုက်​နာ​ဆောင်​ရွက်​လေ​သည်။

သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။

ယော​ရှု​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​သိုး​နွား​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း များ​ကို​မိ​မိ​တို့​အ​တွက်​သိမ်း​ယူ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ