Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 11:12

Common Language Bible

ယော​ရှု​သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ တို့​စိုး​စံ​သော​မြို့​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ မိန့်​မှာ​ခဲ့​သည်​အ​တိုင်း မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကို​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-

သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''

ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​မြောက်​မြား​စွာ​တို့​ကို​သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​ရန်​သူ​အ​ချို့​တို့​သည်​လွတ်​မြောက် ၍​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ​ထဲ​သို့ ဝင်​ရောက်​ခို​အောင်း​သ​ဖြင့်​အ​သက်​ချမ်း​သာ ရာ​ရ​ကြ​၏။-

ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​နှင့်​ထို​မြို့​၏ မင်း​ကို​လည်း ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည်​မြို့ သူ​မြို့​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သတ် ဖြတ်​သုတ်​သင်​ခဲ့​လေ​သည်။ ယေ​ရိ​ခေါ​မင်း ကို​အ​ဆုံး​စီ​ရင်​ခဲ့​သ​ကဲ့​သို့​လိ​ဗ​နာ မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​ကြ​သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​တိုက်​ပွဲ​ဒု​တိ​ယ​နေ့ ၌​လာ​ခိ​ရှ​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည် လိ​ဗ​နာ​မြို့​သူ​မြို့​သား​တို့​ကို​ပြု​သ​ကဲ့ သို့ လာ​ခိ​ရှ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့ ကို​လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် သုတ်​သင်​ကြ​သည်။-

သူ​တို့​သည်​ထို​နေ့​၌​ပင်​မြို့​ကို​တိုက်​ခိုက်​သိမ်း ပိုက်​နိုင်​သ​ဖြင့် လာ​ခိ​ရှ​မြို့​သား​တို့​အား​ပြု သ​ကဲ့​သို့ ဧ​ဂ​လုန်​မြို့​သူ​မြို့​သား​တို့​ကို လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ် သင်​ကြ​လေ​သည်။

သိမ်း​ပိုက်​ကြ​လေ​သည်။ သူ​တို့​သည်​ဟေ​ဗြုန် မင်း​နှင့်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း ကောင်း၊ အ​နီး​အ​နား​မြို့​များ​မှ​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း သတ်​ဖြတ် သုတ်​သင်​ကြ​လေ​သည်။ ယော​ရှု​သည်​ဧ​ဂ​လုန် မြို့​ကို​လုံး​လုံး​လျား​လျား​ဖျက်​ဆီး​ခဲ့​သည့် နည်း​တူ ဟေ​ဗြုန်​မြို့​ကို​လည်း​ဖျက်​ဆီး​လေ သည်။ မည်​သူ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍ မ​ကျန်​ရစ်​ချေ။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟာ​ဇော်​မြို့​မှ​လွဲ​၍ တောင်​ပေါ်​တွင်​တည်​ထား သော​အ​ခြား​မြို့​များ​ကို​မူ​မီး​ရှို့​ဖျက်​ဆီး ခြင်း​မ​ပြု​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​တည်း ကို​သာ​ယော​ရှု​မီး​ရှို့​ဖျက်​ဆီး​ခဲ့​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သည်​အ​တိုင်း မော​ရှေ​သည်​ယော​ရှု​အား​တစ်​ဆင့်​မိန့်​မှာ ခဲ့​၏။ ယော​ရှု​က​လည်း​မော​ရှေ​မိန့်​မှာ​သည် အ​တိုင်း​ဆောင်​ရွက်​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ယော​ရှု​လိုက်​နာ​ဆောင်​ရွက်​လေ​သည်။

သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​တစ်​ပြည်​လုံး တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ​ရှိ​သ​မျှ​တို့​ကို​တိုက်​ခိုက်​အောင်​မြင် စေ​တော်​မူ​၏။ မည်​သည့်​ရန်​သူ​က​မျှ​သူ​တို့ ကို​မ​ခု​ခံ​နိုင်။-

ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ် တ​ရား​တွင်``သံ​လက်​နက်​ကိ​ရိ​ယာ​ဖြင့်​မ​ဆစ် သော​ကျောက်​များ​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်'' ဟူ​၍​ညွှန်​ကြား​သည့်​အ​တိုင်း​ထို​ယဇ်​ပလ္လင်​ကို တည်​လေ​သည်။ သူ​တို့​သည်​မီး​ရှို့​သော​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။-

သင်​တို့​သည်​မြို့​ကို​သိမ်း​ယူ​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မြို့​ကို​မီး ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-

ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​တစ်​ပြည်​လုံး​ကို သင်​တို့​အား​ပေး​မည်​ဟူ​၍​လည်း​ကောင်း၊ ပြည် သူ​ပြည်​သား​အား​လုံး​တို့​ကို​သတ်​ဖြတ်​သုတ် သင်​ရ​မည်​ဟူ​၍​လည်း​ကောင်း မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​သ​ဖြင့် သေ​ဘေး​ကို​ကြောက်​ရွံ့ သော​ကြောင့်​ထို​ကဲ့​သို့​ပြု​မိ​ပါ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ