Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 10:5

Common Language Bible

ထို​ကြောင့်​အာ​မော​ရိ​ဘု​ရင်​ငါး​ပါး​ဖြစ် သော​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန်​ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန် ဘု​ရင်​တို့​သည်​စု​ပေါင်း​၍ မိ​မိ​တို့​၏​စစ် သည်​အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​လာ​ကြ ပြီး​လျှင်​ဂိ​ဗောင်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက် ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။

အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ထို​ပြည်​၏ တောင်​ပိုင်း​တွင်​နေ​ထိုင်​၍ ဟိတ္တိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သား​တို့​သည်​မြေ​ထဲ​ပင် လယ်​ကမ်း​ခြေ​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​တစ် လျှောက်​၌​လည်း​နေ​ထိုင်​ကြ​ပါ​သည်'' ဟု ဆို​ကြ​၏။

အာ​မော​ရိ​မင်း​ငါးပါး​တို့​သည်​ကား​လွတ် မြောက်​၍ မက္ကဒါ​လိုဏ်​ဂူ​ထဲ​တွင်​ပုန်း​အောင်း လျက်​ရှိ​ကြ​၏။-

ထို​အ​ခါ​ဂိ​ဗောင်​မြို့​သား​တို့​သည်​ဂိ​လ ဂါ​လ​စ​ခန်း​တွင်​ရှိ​သော​ယော​ရှု​ထံ​သို့ လူ​စေ​လွှတ်​၍``ကိုယ်​တော်​၏​ကျွန်​တို့​ကို​စွန့်​ပစ် ထား​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ ၍​အ​ကျွန်ုပ်​တို့​အား​ကယ်​တင်​တော်​မူ​ပါ။ တောင်​ကုန်း​ဒေ​သ​မှ​အာ​မော​ရိ​မင်း​အ​ပေါင်း တို့​သည်​စု​ပေါင်း​၍​အ​ကျွန်ုပ်​တို့​အား​တိုက် ခိုက်​ပါ​ပြီ'' ဟု​အ​ကြောင်း​ကြား​လျှောက် ထား​လေ​သည်။

ဧ​ကြုန်​မြို့​နှင့်​ဂါ​သ​မြို့​စပ်​ကြား​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​သိမ်း​ပိုက်​ထား ကြ​သည့်​မြို့​မှန်​သ​မျှ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​သို့​ပြန်​လည်​ပေး​အပ်​ရ​ကြ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ တို့​၏​နယ်​မြေ​အား​လုံး​ကို​ပြန်​လည်​ရ​ရှိ​ကြ​၏။ ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည်​သင့်​မြတ်​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ကြ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ