ယောရှု 10:41Common Language Bibleယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။- အခန်းကိုကြည့်ပါ။ |
ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
ယေရုရှလင်မြို့သားတို့သည်အလွန်ကြောက် လန့်ကြ၏။ အဘယ်ကြောင့်ဆိုသော်ဂိဗောင် မြို့သည်မင်းနေပြည်တော်မြို့များကဲ့သို့ ကြီးကျယ်ခမ်းနားသောမြို့ဖြစ်သောကြောင့် လည်းကောင်း၊ အာဣမြို့ထက်ကြီး၍မြို့သား တို့သည်တိုက်ရည်ခိုက်ရည်ကောင်းသူများ ဖြစ်သောကြောင့်လည်းကောင်းဖြစ်သတည်း။-