ယောရှု 10:36Common Language Bibleထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဧဂလုန်မြို့မှတောင်ကုန်းဒေသတွင် တည်ရှိသော ဟေဗြုန်မြို့သို့ချီတက်၍မြို့ကို တိုက်ခိုက်၊- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ရှောလုမင်း၏နေရာတွင်ဒါဝိဒ်အားမင်း မြှောက်နိုင်ရေးအတွက်ကူညီဆောင်ရွက်ရန် စစ်အတတ်ကိုလေ့ကျင့်ပြီးသောစစ်သူရဲ အများပင်သူ၏တပ်မတော်သို့ဝင်ရောက် လာကြ၏။ ထိုသူတို့၏အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ဒိုင်းလွှားများနှင့်လှံများကိုင်ဆောင်လျက် စစ်လက်နက်အပြည့်အစုံပါသောယုဒ အနွယ်ဝင်စစ်သူရဲခြောက်ထောင့်ရှစ်ရာ။ ကောင်းစွာလေ့ကျင့်ပြီးသူရှိမောင်အနွယ် ဝင် စစ်သူရဲခုနစ်ထောင့်တစ်ရာ။ လေဝိအနွယ်ဝင်လူပေါင်းလေးထောင့်ခြောက်ရာ။ အာရုန်မှဆင်းသက်သောယောယဒ၏နောက်လိုက် လူပေါင်းသုံးထောင့်ခုနစ်ရာ။ စစ်တိုက်ကောင်းသူ၊လုလင်ပျိုဇာဒုတ်၏ဆွေမျိုး၊ ခေါင်းဆောင်နှစ်ဆယ့်နှစ်ဦး။ ရှောလု၏အနွယ်စုဖြစ်သောဗင်္ယာမိန်အနွယ်ဝင် လူပေါင်းသုံးထောင်။ (ဗင်္ယာမိန်အနွယ်မှလူများစု သည်ရှောလုမင်း၏သစ္စာတော်ကိုစောင့်သိကြသူ များဖြစ်၏။) ဧဖရိမ်စစ်သူရဲနှစ်သောင်းရှစ်ရာ။ သူတို့သည် မိမိတို့သားချင်းစုတွင်နာမည်ကျော်သူ များတည်း။ အနောက်ပိုင်းမနာရှေအမျိုးသားများမှ ဒါဝိဒ်အားမင်းမြှောက်နိုင်ရေးအတွက်သွား ရောက်ဆောင်ရွက်ရန် ရွေးချယ်ထားသူလူပေါင်း တစ်သောင်းရှစ်ထောင်။ ဣသခါအနွယ်ဝင်ခေါင်းဆောင်နှစ်ရာနှင့် သူတို့ ၏နောက်လိုက်များ (ဤခေါင်းဆောင်များသည် ဣသ ရေလအမျိုးသားတို့ပြုအပ်သောအမှုနှင့်ပြု ရန် အချိန်ကာလကိုသိရှိသူများဖြစ်ကြ၏။) ယုံကြည်စိတ်ချရ၍သစ္စာရှိသူဇာဗုလုန် အနွယ်ဝင်လူငါးသောင်း။ သူတို့သည်စစ်တိုက် ရန်အဆင်သင့်ရှိကြလျက်လက်နက်မျိုးစုံ ကိုကိုင်ဆောင်တတ်သူများဖြစ်ကြ၏။ ဒိုင်းလွှား၊ လှံတံကိုင်ဆောင်သူလူသုံးသောင်းခုနစ် ထောင်နှင့်တကွ နဿလိအနွယ်ဝင်ခေါင်းဆောင် တစ်ထောင်။ စစ်အတတ်ကိုလေ့ကျင့်ထားပြီးသူ၊ ဒန်အနွယ်ဝင်စစ်သူရဲနှစ်သောင်းရှစ်ထောင်ခြောက် ရာ။ တိုက်ပွဲဝင်ရန်အသင့်ရှိသူအာရှာအနွယ်ဝင် လူပေါင်းလေးသောင်း။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းမှရုဗင်၊ ဂဒ်နှင့် အရှေ့မနာရှေအနွယ်ဝင်များထဲမှလက်နက် မျိုးစုံကိုင်ဆောင်တတ်သူ လူပေါင်းတစ်သိန်း နှစ်သောင်းတို့ဖြစ်သတည်း။
ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
သိမ်းပိုက်ကြလေသည်။ သူတို့သည်ဟေဗြုန် မင်းနှင့်မြို့သူမြို့သားအပေါင်းတို့ကိုလည်း ကောင်း၊ အနီးအနားမြို့များမှမြို့သူမြို့ သားအပေါင်းတို့ကိုလည်းကောင်း သတ်ဖြတ် သုတ်သင်ကြလေသည်။ ယောရှုသည်ဧဂလုန် မြို့ကိုလုံးလုံးလျားလျားဖျက်ဆီးခဲ့သည့် နည်းတူ ဟေဗြုန်မြို့ကိုလည်းဖျက်ဆီးလေ သည်။ မည်သူတစ်ယောက်မျှအသက်ရှင်၍ မကျန်ရစ်ချေ။