ယောရှု 10:25Common Language Bibleယောရှုကဗိုလ်မှူးတို့အား``ထာဝရဘုရား သည်သင်တို့၏ရန်သူဟူသမျှကို ဤသို့ပြု တော်မူမည်ဖြစ်သောကြောင့်မကြောက်ကြ နှင့်။ စိတ်မပျက်ကြနှင့်။ အားမာန်တင်း၍ရဲ ရင့်ခြင်းရှိကြလော့'' ဟူ၍ဆိုလေ၏။- အခန်းကိုကြည့်ပါ။ |
သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။
သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-